ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့ ဗိုလ်မှုးကြီး ဂျိမ်းစ်ခွန်ဒေါင် ကလည်း ဘာလို့များ မလေးရှား နိုင်ငံက ဘာသာခြားတွေနဲ့ RSO က တာဝန်ခံတို့နဲ့ တွေ့ပြီး မိမိတို့ကချင်နယ်မြေမှာ တပ်စခန်းချဖို့ အကူအညီတောင်းခြင်းကို ဘာလို့များ ကေအိုင်အိုကို ပြန်လည်တင်ပြခြင်းမရှိတာပါလဲ ။ မထင်မှတ်ပဲ တွေ့ဆုံခဲ့ရသည် ဆိုသော်လည်း တွေ့ဆုံ စဉ်က အလာပသလာပ စကားများမဟုတ်ပဲ ဦးဂျိမ်းစ်ခွန်ဒေါင် ကပဲ စတင်ပြီး သွေးစည်းကြဖို့လိုကြောင်း ၊ ခရစ်ယာန် နဲ့ အစ္စလာမ်မတည့်ရင် ဗမာအစိုးရ အကြိုက်ဖြစ်သွားမှာ ဖြစ်ကြောင်း အစချီတဲ့ စကားတွေကို ဘယ်လို ရည်ရွှယ် ချက်နဲ့ ပြောခဲ့တာပါလဲ ။
နောက်ဆုံးတစ်ချက်ကတော့ ဒီအချိန်မှာ အစိုးရက ကချင်တယောက်ကို တနေရာမှာပဲ အကြီးအကျယ် တိုက် နေတယ်။ တနည်းအားဖြင့် ကျနော်တို့ ကချင်ကြား၊ ကေအိုင်အိုကြားမှာ ရန်ဖြစ်လာအောင် ငြင်းဆိုမှု ဖြစ်လာ အောင် အဲဒါလုပ်တဲ့ဟာ။ ဒါက စိတ်ဓာတ်အရ တိုက်တဲ့ ရန်ပေါ့ လို့ ဆိုခဲ့ပါတယ် ။ ဗီဒီယိုဖိုင်ကို ကြည့်ရှူခဲ့ရသူတွေ အားလုံးဟာ အွန်လိုင်းမှာ သာမာန် Account တစ်ခု User တစ်ခု ကနေ ကြည့်ရှူရတာမဟုတ်ပါပဲ ဦးဂျိမ်းစ် ခွန်ဒေါင် နဲ့တွေ့ခဲ့တဲ့ ဦးမောင်ကျော်နု ကိုယ်တိုင် Youtube မှာတင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ် ။ BRAT က ဦးမောင်ကျော်နု ရော ဦးဂျိမ်းစ်ခွန်ဒေါင်ရော ဒီကိစ္စကို ဘယ်လို မှတ်ချက်ပြန်ပေးမလဲဆိုတာ သိချင်ပါတယ် ။ ဘာလို့လည်း ဆိုတော့ ကေအိုင်အိုဟာ အပစ်အခတ်ရပ်စဲဖို့ စိတ်မဝင်စားပဲ နိုင်ငံရေးနည်းနဲ့ဆွေးနွေးဖို့ပဲ ရှိတယ် လို့ ကြေငြာထားတဲ့ အဖွဲ့ဖြစ်သလို အွန်လိုင်းမှာ ပျံနှံ့နေတဲ့ ဒီကိစ္စကို မှတ်ချက်ပြုသူတွေဟာ ကေအိုင်အိုကို အပြတ်ရှင်းဖို့လိုနေပြီဆိုတဲ့ စကားသံတွေ ထွက်လာတဲ့အချိန်မှာမှ မဟုတ်ပါဘူး ပြာပြာသလဲ ထဖြေရှင်းတဲ့ အပြုအမှုဖြစ်ပြီး တကယ်သာ ရိုးသားခဲ့တယ်ဆိုရင် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစဉ်ကတည်းက ထုတ်ပြန်ပေးခဲ့ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီကိစ္စကို ဦးဂျိမ်းစ်ခွန်ဒေါင် တစ်ဦးတည်း ဆုံးဖြတ်ချက်နဲ့ ကော်မတီကို အသိမပေးခဲ့တာလား ၊ အသိပေးသော်လည်း ကေအိုင် အိုက ထပ်မံဆုံးဖြတ်ခြင်းမရှိတာလား ၊ ဦးခင်မောင်နုက ဘာရည်ရွှယ်ချက်နဲ့ ဒီဗီဒီယိုဖိုင်ကို အခုချိန်မှ ဖြန့်ချီခဲ့တယ် ဆိုတာ ကို သိချင်ပါတယ် ။
kyaw Don
MPT
No comments:
Post a Comment