Wednesday, September 10, 2014

၂၈နှစ်ပြည့်မွေးနေ့ပွဲကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့တဲ့ သရုပ်ဆောင် နဒီဝင့်နိုင်



သရုပ်ဆောင် နဒီဝင့်နိုင်ရဲ့ မွေးနေ့ပွဲကို စက်တင်ဘာ ၊ ၈ရက်နေ့က My Garden စားသောက်ဆိုင်မှာ သူမချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ သူရဲ့ မွေးနေ့ပွဲလုပ်ဖြစ်တဲ့ ရည်ရွယ်ချက် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “နဒီ ရဲ့မွေးနေ့မှာ သူငယ်ချင်းတွေ ပျော်ရအောင်လို့ရယ်၊ ပြီးတော့ နဒီချစ်တဲ့သူငယ်ချင်းတွေနဲ့ နဒီအတူတူပျော်ချင်လို့ ညဘက်မှာမွေးနေ့ပွဲလေးလုပ်ဖြစ်တာပါ။ နဒီကနဒီရဲ့ မွေးနေ့ရောက်တိုင်း တစ်နှစ်တစ်ခါ အမြဲမွေးနေ့ပွဲလေး လုပ်ဖြစ်နေကျပါ။ အနုပညာရှင်ဖြစ်လို့ မွေးနေ့ပွဲကို ကျင်းပတာမျိုး မဟုတ်ပါဘူး။ နောက်ပြီး ဒီနှစ်က အဘထွက်ပွဲရက်နဲ့ နဒီရဲ့ မွေးနေ့နဲ့တိုက်တော့ မွေးနေ့အမှတ်တရအဖြစ်နဲ့ ပုပ္ပါးမှာသွားပြီး အလှူလုပ်ဖြစ်ပါတယ်။ ဒီနှစ်က နဒီအသက်၂၈နှစ်ပြည့်တာပါ။ မွေးနေ့အမှန်က စက်တင်ဘာ၊ ၇ရက်နေ့ပါ။ အဲဒီ့နေ့က နဒီအလုပ်တွေ လုပ်နေရတာကြောင့် မအားတော့ မလုပ်ဖြစ်ဘူး။ ဒီနေ့မှ လုပ်ဖြစ်တာပေါ့။” လို့ သူမက ပြောပြပါတယ်။အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သူမက “နဒီ အိမ်ထောင်ပြုဖို့ဆိုတာကတော့ ပြောလို့ မရပါသေးပါဘူး။ ဘုရားပေးမယ့်ကံပါပဲ။ ချစ်သူကတော့ ရှိပါတယ်။ အခုတောင် နဒီ့မွေးနေ့ပွဲမှာ အရုပ်အကြီးကြီး လက်ဆောင်ပေးထားပါသေးတယ်။ အခုနဒီဝတ်ထားတဲ့ လက်ကောက်ကလည်း သူစင်္ကာပူကနေ ဝယ်လာပေးထားတာပါ။ ဒီပွဲလေးမှာအမှတ်တရဖြစ်အောင်လို့ ဝတ်ထားပေးပါတယ်။ နဒီရဲ့ချစ်သူက အနုပညာ အသိုင်းအဝိုင်းထဲက မဟုတ်ပါဘူး။ အပြင်က တစ်ယောက်ပါပဲ။ အချစ်ရေးက အေးအေးဆေးဆေးပဲ ရှိပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ အခုချိန်ထိ စဉ်းစားနေတုန်းပါပဲ။ အိမ်ထောင်ပြုဖြစ်ရင် နဒီအပြင်ကလူနဲ့ပဲ ယူဖြစ်မှာပါ။ အနုပညာရှင်ထဲကလူကို တော့ ရွေးချယ်မှာ မဟုတ်ပါဘူး”တဲ့။


Trend Myanmar

No comments:

Post a Comment