
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
“ဒု-စစ်ဦးချုပ်ကတော့ ဒီနေ့ ထွက်သွားပြီလို့ သိရတယ်။ သူတို့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်မှာ တွေ့ကြ မှာပါ”ဟု ၎င်းက ပြောသည်။ သို့သော် တွေ့ဆုံမည့်ရက် နှင့် အချိန်ကို DKBA နှင့် တပ်မတော်ဘက်မှ သီးခြား အတည်ပြုချက်မရပေ။တိုက်ပွဲများဖြစ်ပွားနေသော နယ်မြေများအတွင်း အစိုးရစစ်တပ်မှ စစ်ကြောင်း ငါးကြောင်းခန့် ထပ်တိုးချ ထားသည်ဆိုသော သတင်းများကြားနေရပြီး မြ၀တီမြို့ရှိ DKBA အဖွဲ့များသည်လည်း ယခုကာလအတွင်း လုံခြုံရေး အခြေအနေအရ သွားလာရ ခက်ခဲနေခြင်းများရှိပြီး တိုက်ပွဲများရှိ တပ်ဖွဲ့ဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေခြင်းကြောင့် စိုးရိမ်မှုများဖြစ်နေရကြောင်း ဗိုလ်ကြီးစောစိုးမြင့်ကဆိုသည်။
“စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်နှင့် ၄ နာရီခန့် အချိန်တို့တွင် သင်္ကန်းညီနောင်ရွာအနီး စစ်ဆေးရေးဂိတ် တစ်ခုတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားသည်ဟုDKBA က အတည်ပြုသည်။
မဇ္ဈိမ
No comments:
Post a Comment