Friday, October 31, 2014

သရုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တဲ့ နွယ်ဒါလီထွန်း


အနုပညာလောကထဲသို့ လျှောက်လှမ်းလာတာ နှစ်နှစ်ကျော်ပြီဖြစ်သော မော်ဒယ်လ်၊ သရုပ်ဆောင် နွယ်ဒါလီထွန်းဟာ တီဗီကြော်ငြာများ၊ ဘေဘုတ်ကြော်ငြာများလက်ခံရိုက်ကူးရာမှ အခုချိန်မှာတော့ သရုပ်ဆောင်ဘက်ကို တစ်စိုက်မတ်မတ် လုပ်ဆောင်တော့မယ်ဆိုတာသိရလို့ မေးကြည့်လိုက်တော့ ညီမ ဒီရက်ပိုင်းမှာတော့ ဘေဘုတ်ကြော်ငြာတွေရိုက်ကူး ဖြစ်နေတယ်။ နောက်ပြီး MTVသီချင်း တွေလည်းရိုက်ကူးဖြစ်နေသလို ဖက်ရှင်ရှိုးတွေလည်းလျှောက်ဖြစ်နေပါတယ်။ ညီမ ဗီဒီယိုဇာတ်ကား တွေမှာ ပါဝင် သရုပ်ဆောင်မယ်လို့ စိတ်ကူးထားပါတယ်။ ညီမကို ဇာတ်ကားတွေရိုက်ဖို့ လာရောက် ကမ်းလှမ်းတာတွေက အရင်ကတည်းကတော့ ရှိခဲ့ပါတယ်။ တစ်ချို့ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ဖို့ လာပြောကြတယ်။ ဒါပေမယ့်လည်း ညီမဘက်က လက်မခံဖြစ်ဘူး။ လက်မခံဖြစ်တာက ကိုယ့်ကိုယ်ကိုယ်သရုပ်ဆောင်ပိုင်းအတွက် လေ့လာစရာတွေ၊ ပြင်ဆင်ရမယ့် အရာတွေ အများကြီး ရှိသေးတယ်ထင်လို့ လက်မခံဖြစ်ခဲ့တာပါ။ အခုနောက်ပိုင်းမှာ ညီမထက်စီနီယာ ကျတဲ့ သရုပ်ဆောင် တွေရဲ့ သရုပ်ဆောင်တာတွေကိုကြည့်ပြီး ညီမ တတ်နိုင်သလောက် လေ့လာဖြစ်တယ်။ သရုပ်ဆောင်အလုပ်ကို ညီမအရင်ကတည်းကဝါသနာပါပါတယ်။ ညီမအတွက် ဘေဘုတ်ကြော်ငြာ၊ တီဗီကြော်ငြာတွေကတော့ သရုပ်ဆောင်ပိုင်းလောက် အခက်အခဲမရှိပါဘူး။ သရုပ်ဆောင်ပိုင်းက ဒိုင်ယာလော့စ် တွေကအစ ကျက်ရသလို အချိန်လည်း ပေးရတယ်လေ။ အခုဆို ပရိသတ်တွေကလည်း သရုပ်ဆောင်လုပ်ဖို့ အားပေးကြသလို ကိုယ်တိုင်လည်း ကြိုးစားကြည့်ချင်လို့ပါ။ ဒါကြောင့် ညီမနဲ့လိုက်မယ့် ကာရိုက်တာတွေဆိုရင်တော့ သရုပ်ဆောင်သွားမယ်။ လက်ခံရိုက်ကူးသွားမှာပါ”လို့ ဆိုပါတယ်။

စန္ဒီ
Trend Myanmar

No comments:

Post a Comment