
ဓာတ်ပုံ−၀ဏ္ဏခွာနီး
မြန်မာနိုင်ငံ၏ ဟစ်ဟော့ပ်ပထမမျိုး ဆက်‘အက်စစ်’အဖွဲ့၏ လက်ကျန်လူပျိုကြီး ဖြိုးဇေယျာသော်က ၎င်း၏ ချစ်သူနှင့် ၂၀၁၄ နှစ်ကုန်ပိုင်းတွင် လက် ထပ်တော့မည်ဖြစ်သည်။
၎င်းတို့ချစ်သူနှစ်ဦး၏ မင်္ဂလာပွဲအကြိုဓာတ်ပုံများကို ၀ဏ္ဏခွာနီးထံတွင် ရိုက်ကူးထားပြီး မင်္ဂလာပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဖြိုးဇေယျာသော်က ပြော သည်။ ‘‘သူကနိုင်ကျဉ်းတစ်ယောက်ပါ။ သူထောင်မကျခင်ကတည်းက တွေ့ခဲ့တာပါ။ နာမည်ကမသင်းဂျူလိုင်ကျော်ပါ။ ၂၀၀၇ ရွှေဝါရောင်အပြီးမှာ ထောင်ကျတယ်။ အင်းစိန်နဲ့ ပြည် ထောင်မှာ သုံးနှစ်လောက်ကြာတယ်။ ၂၀၁၀ နှစ်ကုန်မှ ပြန်လွတ်လာတာ။ ကျွန်တော့်ထက်တော့ နည်းနည်းစောတယ်’’ဟု ၎င်း၏ ဇနီးလောင်းအကြောင်းကိုပြောသည်။ လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး အင်န်အယ်ဒီပါတီ၏ လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်နေရသောကြောင့် ဂီတလှုပ်ရှားမှုများအတွက် အစီအစဉ်မရှိသေးကြောင်း ဖြိုးဇေယျာသော်က ပြောသည်။
7Day Daily
No comments:
Post a Comment