
အမည်ဝှက်အရ ရီဟာနာဟုသိထားသည့်ကာ့ဒ်တပ်ဖွဲ့ ဝင်ယင်းအမျိုးသမီးသည်အိုင်အက်စ်တိုက်ခိုက်ရေးသမား၁၀၀ကိုတစ်ကိုယ် တည်း သုတ်သင်ထားနိုင်ခဲ့သူဟုသိရသည်။ ဆီးရီးယားနယ်စပ်မြို့ ကိုဘာနီအတွက် ယင်းအမျိုးသမီးက မျှော်လင့်ခြင်း သင်္ကေတ အဖြစ် သရုပ်ပြကာ ဂျာနယ်လစ်တစ်ဦး၏ ဓာတ်ပုံရိုက်ခံရာတွင် လက်ညိုးနှင့် လက်ခလယ်ထောင်ပြ သည့် ငြိမ်းချမ်းရေး အမှတ် လက္ခဏာပြုကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်းဖြစ်သည်။ ယင်းပုံက တွစ်တာပေါ်ရောက်ရှိပျံ့ နှံ့ သွားခြင်းနှင့် အတူ အမျိုးသမီးလည်း လူသိ များခဲ့ခြင်းဖြစ်သည်။တွစ်တာတွင် ဓာတ်ပုံဖော်ပြပြီးနောက်တွင် မက်ဆေ့ခ်ျပေါင်း ၅၀၀၀ကျော်ခန့် ရရှိခဲ့သည်။ သို့ သော်လည်း အိုင်အက်စ်တို့ ၏တွစ် တာတွင် ၎င်း၏ခေါင်းပြတ်ကို မြှောက်ပြထားသည့် ခြောက်ခြားဖွယ်ရာဓာတ်ပုံထွက်ရှိလာပြီးနောက် ရီဟာနားသေဆုံး သွားပြီဖြစ် ကြောင်းသိရှိခြင်းဖြစ်သည်။
ကာ့ဒ် YPJ (ပြည်သူ့ ကာကွယ်ရေးယူနစ်) သို့ မဟုတ် အမျိုးသမီးစစ်ယူနစ်အတွက် တိုက်ခိုက်ပေးနေသည့် ရီဟာနားသေ ဆုံးမှု ကို သတင်းဌာနများက ထုတ်လွှင့်သော်လည်း သေချာအတည်မပြုနိုင်သေးပေ။ YPJ သို့ မေးလ်အွန်လိုင်းသတင်းဌာနက မှတ် ချက်ပေးရန် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ မပြန်ကြားသေးပေ။

ကိုဘာနီမြို့ ကို အိုင်အက်စ်တို့ က တစ်လကြာမျှထိုးစစ်အပြင်းအထန်ဆင်နွှဲနေလျက်ရှိပြီး တစ်ဖက်ရှိ သည်။ ကိုဘာနီမြို့ အရှေ့ ၊တောင်နှင့် အနောက်ဖက်အရပ် မျက်နှာများကို အိုင်အက်စ်တို့ က ဝန်းရံ ထားပြီဖြစ်ရာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ များက ခုခံနေရလျက်ရှိသည်။
Mizzima
No comments:
Post a Comment