Saturday, October 11, 2014

သေဆုံးသွားသော ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့်ပတ်သက်၍ ကာယကံရှင်မိသားစုဆန္ဒအတိုင်း အကောင်းဆုံးဆောင်ရွက် ပေးသွားမည်


သူသူ၊ ဇွဲမာန် ၊ Flower News Journal အတွဲ(၁၀) အမှတ် (၄၀)
ရန်ကုန်၊ အောက်တိုဘာ ၁ဝ- ပျောက်ဆုံးသွားသော တောင်တက် သမားနှစ်ဦးအား ရှာဖွေရာမှ သေဆုံးသွားသော မြန်မာရဟတ်ယာဉ် မှူး ဦးအောင်မြတ်တိုးနှင့်ပတ်သက်၍ ကာယကံရှင်မိသားစု
ဆန္ဒရှိ သည့်အတိုင်း အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထူး ဖောင်ဒေးရှင်းမှ သိရသည်။
''သေဆုံးသွားတဲ့ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး နဲ့ပတ်သက်ပြီး ကာယကံရှင်မိသားစုရဲ့ဆန္ဒအတိုင်း သေဆုံးသွားတဲ့ နေရာမှာပဲ သင်္ဂြိုဟ်ဖြစ်မှာပါ''ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာ ဝန်ခံ ကိုဖြိုးကိုကိုက ပြောသည်။
လေနယ်နိမိတ်အမြင့်ပေ ၆ဝဝဝ အတွင်း ပျံသန်းနေစဉ် ဆိုး ရွားသော ရာသီဥတုအခြေအနေနှင့်ကြုံတွေ့ခဲ့ရပြီး မောင်းနှင်ချိန် မိနစ် ၂ဝ အကြာတွင် ထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ်ပြတ်တောက် ကာ ပျောက်ဆုံးသွားခဲ့သည်။ ပျောက်ဆုံးချိန် ၁ဝရက်ခန့်အကြာ အောက် တိုဘာ ၇ရက်တွင် အဆိုပါရဟတ်ယာဉ်နှင့်လိုက်ပါသွားခဲ့သူ ဒေသခံ ရွှေရင်တော်ကြီးမှာ ဒဏ်ရာအနည်းငယ်ဖြင့် ပြန်လည်ရောက်ရှိလာပြီး တောတွင်းကျန်ရှိနေသော ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရာနေ ရာ လမ်းညွှန်မှုပြုလုပ်ပေးခဲ့သည်။
ရှာဖွေမှုများပြုလုပ်ရာ အောက်တိုဘာ ၈ရက်တွင် ထိုင်း နိုင်ငံသား ရဟတ်ယာဉ်မှူးအား ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်ရှိနေသော မြန်မာရဟတ်ယာဉ်မှူးအား ဆက်လက်ရှာဖွေရာ အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ရဟတ်ယာဉ်မှူးဦးအောင်မြတ်တိုးမှာ ဒဏ်ရာရရှိ ထားပြီး အသက်မပါသည့်ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သည်။
''သေဆုံးသွားတဲ့ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးရဲ့ သေဆုံးသွားရတဲ့အကြောင်းရင်းနဲ့ ရဟတ်ယာဉ်ဘာဖြစ်သွား
တယ်ဆိုတာကို အတိအကျပြောလို့မရသေးပါဘူး။ လတ်တလော ဦးအောင်မြတ်တိုးနဲ့ပတ်သက်ပြီးတော့ ကာယကံရှင်တွေကျေနပ်တဲ့ အထိ ဆောင်ရွက်ပေးသွားပါ့မယ်''ဟု ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုကပြောသည်။
ယင်းကဲ့သို့ မြန်မာရဟတ်ယာဉ်မှူး ကွယ်လွန် သွားသဖြင့် ထူးကုမ္ပဏီမှ ဦးအောင်မြတ်တိုးအားရည် စူးပြီး ရွာလေးရွာတွင် စာသင်ကျောင်းလေးကျောင်း နှင့် ဆေးခန်းတစ်ခုဆောက်ပေးခြင်း၊ ကျန်ရစ်သူ ဇနီးအား ရဟတ်ယာဉ်မှူးရရှိသည့်လစာငွေ ကို တစ်သက်တာလုံး လစဉ်ဆက်လက်ပေး အပ်ခြင်း၊ ရဟတ်ယာဉ်မှူး၏သားဖြစ်သူ အား ပြည်တွင်း၊ ပြည်ပပညာရေးဆုံးခန်း တိုင် ထောက်ပံ့ခြင်း၊ ရဟတ်ယာဉ်မှူး ၏သားနှင့်ဇနီးကျန်းမာရေးအား တစ် သက်တာ တာဝန်ယူခြင်း၊ ဦးအောင် မြတ်တိုး၏ ကျန်ရစ်သူမိသားစုဖြစ် သော ဇနီးနှင့်သားလိုအပ်သောကိစ္စ အဝဝကို ထူးဖောင်ဒေးရှင်းသို့ အချိန်မရွေး အကြောင်းကြား နိုင်ပြီး အမြဲကူညီသွားမည်ဖြစ် ကြောင်း ထူးဖောင်ဒေးရှင်း၏င်္ခေနဘသသု စာမျက်နှာပေါ် တွင် ဖော်ပြထားသည်။

Yangon Media Group

No comments:

Post a Comment