လှိုင်းဘွဲမြို့နယ် ကယမောင်းမြို့နယ်ခွဲ မဲသနစီးကျေးရွာအနီး တွင် အောက်တိုဘာလ ၁၉ ရက် က BGF တပ်ဖွဲ့ဝင်များလိုက်ပါ လာသော ကားကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။ပစ်ခတ်ခံရမှုကြောင့် အရာရှိတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကာ တပ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း BGF မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
‘‘ပတ်ကင်းအပြန်မှာချောင်းပစ်ခံရတာပါ’’ဟု BGF တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ ဖြစ် စဉ်ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ပြုလုပ်ခဲ့ ခြင်း ဖြစ်ကြောင်း စွပ်စွဲမှုများရှိ သော်လည်း DKBA က ငြင်းဆိုခဲ့သည်။
‘‘အတည်ပြုချက်မရသေးပါ ဘူး။ ကျွန်တော်တို့ဘက်က လုပ် တာလို့ တစ်ထစ်ချပြောလို့မရဘူး။ အဖွဲ့တွေက များတယ်။ အခုလို အထင်လွဲစရာမျိုးမှာပဲ DKBA လို့ နာမည်ထွက်နေတာ နားလည်မှု လွဲမှားစရာဖြစ်စေပါတယ်’’ဟု DKBA မြ၀တီဆက်ဆံရေးတာဝန် ခံ ဗိုလ်ကြီးစောဖိုးမြင့်က ပြော သည်။
အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ် ဆေးနေပြီး ငြိမ်းချမ်းစွာ တွေ့ဆုံ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကလည်း ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်အတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သားအချို့သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။
7Day Daily

No comments:
Post a Comment