Sunday, October 26, 2014

တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ၀ိုင်တစ်ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဥာဏ် ချို့ယွင်းခြင်းကို တွန်းလှန်နိုင်



တစ်နေ့ကို ဘီယာတစ်ပိုင့် (သို့) ၀ိုင်တစ်ခွက်ကို ပုံမှန်သောက်သုံးပေးခြင်းဟာ မှတ်ဥာဏ်ချို့ယွင်းခြင်း (Dementia) ကို တွန်းလှန်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

သုတေသီတွေရဲ့ စမ်းသပ်မှုအရ နေ့စဉ် ကြိုက်နှစ်သက်တဲ့ ယမကာ တစ်မျိုးကို ပှံမှန် သောက်သုံးတဲ့ ပင်စင်စားတွေဟာ ယမကာ ဆန့်ကျင်တဲ့သူတွေထက် မှတ်ဥာဏ်ပိုကောင်းတာတွေ့ရပါတယ်။ ဒါ့အပြင် စမ်းသပ်မှုအရ ယမကာပုံမှန် သောက်သုံးခဲ့တဲ့ အသက် ၆၀ ကျော် အရွယ်ရှိသူတွေဟာ အဖြစ်အပျက်တွေ ပြန်ပြောင်းမှတ်မိခြင်းမှာ ပိုကောင်းသလို ဦးနှောက်ရဲ့ မှတ်ဥာဏ်တွေကို ထိန်းချုပ်တဲ့ hippocampus မှာလည်း ပိုမိုကောင်းမွန်မှုကိုပြတဲ့ grey matter လည်း ပိုများလာတယ်လို့ သိရပါတယ်။

အရင်က ပြုလုပ်ခဲ့ဖူးတဲ့ တိရိစ္ဆာန်တွေ နဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာလည်း ယမကာဟာ ဦးနှောက်မှာ ရှိပြီးသဘာဝဖြစ်စဉ်တွေရေတွက်တဲ့ အာရုံကြောဆဲလ်တွေကို အရှိန်မြှင့်ပေးတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း အမေရိကန် နိုင်ငံရဲ့ သုတေသန တစ်ခုအရ လူလတ်ပိုင်းမှာ ယမကာကို ပုံမှန် သောက်သုံးခဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ မှတ်ဥာဏ်ချို့ယွင်းခြင်း (Dementia) ရောဂါ ဖြစ်တာနည်းတယ် လို့ဆိုထားပါသေးတယ်။

Ref:dailymail.co.uk
Trend Myanmar

No comments:

Post a Comment