Saturday, October 11, 2014

၂၀၁၄ တိုကျို အာဆီယံပွဲတော်တွင် မြန်မာလူငယ်များ အကောင်းဆုံးဆုရ


ဂျပန်နိုင်ငံ တိုကျိုမြို့ Roppongi Hill ဟောလီဝုဒ် တက္ကသိုလ်မှာ ဒီနေ့ညနေက ပြုလုပ်တဲ့ အာဆီယံ ပွဲတော်မှာ မြန်မာလူငယ်တွေ အကောင်းဆုံးသရုပ်ဖော် ဆုရကို ရရှိခဲ့ပါတယ်။


အာဆီယံ ၉ နိုင်ငံက ဂျပန်နိုင်ငံရောက် လူငယ်တွေနဲ့ ဂျပန်လူငယ် စုစုပေါင်း ၁၀ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာလူငယ်တွေရဲ့ ဗွေးဒုတ်အက၊ ရောင်ပေစူး အကတို့နဲ့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာလူငယ်အဖွဲ့က အကောင်းဆုံးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်အ၀က်အစားပြပွဲကိုတော့ ဖိလစ်ပိုင်က ရရှိသွားပါတယ်။
မြန်မာလူငယ်အဖွဲ့ဟာ လက်ရှိဂျပန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်းအပါအ၀င် ပညာသင်ကြားနေသူတွေအပြင် ပါရဂူဘွဲ့ရလူငယ်တွေပါ ပါဝင်သရုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment