လွှတ်တော်တွင် နိုင်ငံရေးပြုပြင် ပြောင်းလဲရေးကိစ္စများကို ဆွေးနွေး နေကြချိန်ဖြစ်၍ အမျိုးစောင့်ဥပဒေ ကိုပြဋ္ဌာန်းရန် သင့်၊မသင့် လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်နေကြ ခြင်းကြောင့် အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရန်အတွက် တစ်နိုင် ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ် ဖော် တောင်းဆိုနေကြခြင်းဖြစ်သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် ၃၅လမ်း၊ ၈၅လမ်းထောင့်ရှိ ဦးလှသိန်း ဗိမာန်မှ ၃၅လမ်းအတိုင်း အနောက် ဘက်သို့ စတင်ထွက်ခွာပြီး ၃၅လမ်း နှင့် လမ်း ၉ဝထောင့်၊ ၄င်းမှလမ်း ၉ဝ အတိုင်း မြောက်ဘက် ၂၆လမ်းအထိ၊ ယင်းမှ အရှေ့ဘက် ၈၉လမ်းမှ တောင် ဘက် အိမ်တော်ရာစေတီတော်အထိ စီတန်းလမ်းလျှောက်ကာ ဆန္ဒထုတ် ဖော်ခဲ့သည်။ အဆိုပါဆန္ဒထုတ်ဖော် ခြင်းကို ချမ်းအေးသာစံမြို့နယ်မြို့မ ရဲစခန်း၏ ခွင့်ပြုချက်အရ တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ရဟန်းရှင်လူပြည်သူများ အိမ် တော်ရာစေတီတော်သို့ မွန်းလွဲတစ် နာရီတွင် စုဝေးရောက်ရှိရာ၌ ဆရာ တော်ဦးဣန္ဒာစက္ကာဘိဝံသက သြ ဝါဒမိန့်ကြားပြီး ဒေါ်ယဉ်ယဉ်နု၊ ဦး မောင်မောင်ညို၊ ဦးသန့်ဇင်ဦးနှင့် ဒေါ်ဝါဝါလွင်တို့က မြန်မာနိုင်ငံတွင် အမျိုးစောင့်ဥပဒေ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးနှင့်ပတ်သက်၍ ဟောပြော ခဲ့ကြပြီး အထက်မြန်မာပြည်သဘော ထားကြေညာချက်တစ်ရပ် ထုတ် ပြန်ခဲ့သည်။
Democracytoday

No comments:
Post a Comment