
၂၀၁၃-၁၄ ရာသီအတွက် ဘာစီလိုနာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဇာဗီယာမာရှေယာနိုကို သတ်မှတ်လိုက် ကြောင်း သိရသည်။
ပြီးခဲ့သည့်လေးရာသီအတွင်း ယင်းဆုကို မက်ဆီက သုံးကြိမ်ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အာဂျင်တီးနားအသင်းဖော်က ၎င်းကိုကျော်လွန်၍ ရယူသွားခြင်းဖြစ်သည်။ မာရှေယာနိုမှာ ဘာစီလိုနာ ကြီးကြီးမားမားဖလားတစ်လုံးမှမရရှိခဲ့သောရာသီတွင် နောက်တန်းခံစစ်၌ အကောင်းဆုံးခြေစွမ်း ပြသခဲ့သည်။ ‘‘ဒီဆုကိုရရှိဖို့ မဲပေးခဲ့တဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ဟု မာရှေယာနိုက ကလပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင်ပြောသည်။ယခုအချိန်ထိ အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကလပ်အတွက် အကောင်းဆုံးပေးဆပ်သွားမည်ဖြစ်ကြောင်း မာရှေယာနိုက ပြောသည်။ ဘာစီလိုနာအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုမှာ ၂၀၀၉ ခုနှစ်က အဖြစ်ဆိုးဖြင့် သေဆုံးခဲ့သော ဘာကာအသင်း အဖွဲ့ဝင် Aldo Rovira ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။
—Ref: Goal
7Day Daily
No comments:
Post a Comment