Thursday, October 23, 2014

ကိုယ့်ပါတီ၏ရည်ရွယ်ချက်ကို မမေ့ဖို့ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအနေဖြင့် မိမိတို့ပါ တီ၏ ရည်ရွယ်ချက် ကို အမြဲမမေ့ဖို့လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂ဝ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးတွင် သတိပေးပြောဆို လိုက်ပါသည်။
''မိမိတို့ပါတီက မည်သည့်ရည် ရွယ်ချက်ကြောင့် ပါတီထူတောင်ခဲ့ သည်ကို ပါတီဝင်များအမြဲမမေ့ဖို့လို အပ်တယ်။ ကျွန်မတို့ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ်မတွယ်ဖို့ပါ။ ရွေးကောက်ပွဲဝင် တယ် ဆိုတာကလဲ မိမိတို့ပါတီဝင်တွေ ရာထူးအာဏာ ရဖို့ လုပ်နေတာ မဟုတ်ဘူး''ဟု ၄င်းက ပြောဆိုခဲ့သည်။လာမည့် ၂ဝ၁၅ရွေးကောက်ပွဲ တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ တွင်လည်း မူလထူထောင် စဉ် ရည်ရွယ်ချက်များအတိုင်း အ ကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ဆိုပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူး ခရီးစဉ်တွင် ဒေသခံပြည်သူများကို ၂ဝ၁၅ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနေဖြင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် များအားလုံးတွင် အနိုင်ရရန်ဆောင် ရွက်သွားမည်ဟု တရားဝင်ပြောကြား ခဲ့သူလည်း ဖြစ်သည်။

၎င်းပါတီသည် ၂ဝ၁၂ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၄၅နေရာတွင် ၄၃နေရာ အနိုင်ရရှိခဲ့သော ပါတီလည်းဖြစ်သည်။ အလားတူ တချို့မြို့နယ်များတွင် မူလ ပါတီဝင်အဟောင်းများနှင့် ပါတီဝင် အသစ်များ အကြား သဘောထားကွဲ လွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Yangon Time Journal ၊ အတွဲ ၁၀ ၊ အမှတ် ၄၁
YangonMediaGroup

No comments:

Post a Comment