အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလအတွင်း အမျိုးသားဒီမိုကရေစီလူငယ်၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကာ သုံးရောင်ခြယ်အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။
အခြားသတင်းတစ်ရပ်တွင်လည်း ကျိုက်မရောမြို့မရဲစခန်းမှ ကိုပါကြီး၏ ရုပ်အလောင်းအား တူးဖော်မည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းကဲ့သို့ တူးဖော်လာပါက ဥပဒေနှင့်အညီ မဟုတ်သဖြင့် ကန့်ကွက်သွားမည်ဟု မသန္တာကဆိုသည်။
“သမားရိုးကျသေဆုံးခြင်း မဟုတ်တဲ့အတွက် ဥပဒေအရ မိသားစုဝင်တွေမပါဘဲ အလောင်းကို ဖော်ခွင့်မရှိပါဘူး။ ကျွန်မနဲ့ သက်သေသုံးယောက်ကိုရော ရဲစခန်းက တရားဝင် အကြောင်းကြားထားတာ မရှိသေးဘူး။ ကျွန်မတို့မသိဘဲ တူးဖော်မယ်ဆိုရင် ကျွန်မက တရားစွဲသွားမယ်လို့ မနေ့က (အောက်တိုဘာ ၂၇ ရက်) မီဒီယာတွေရှေ့မှာ တရားဝင်ပြောပြီးသွားပြီ” ဟု မသန္တာက ပြောကြားသည်။
သေဆုံးသွားသည့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ ရုပ်အလောင်းကို ရွှေဝါချောင်ကျေးရွာတောင်ဘက် မီတာ ၈ဝဝ ခန့်အကွာတွင် မြေမြှုပ်သင်္ဂြိုဟ်ထားပြီး သေဆုံးသူ၏ ဇနီးဖြစ်သူကိုလည်း ဖြစ်စဉ်အခြေအနေများ အသိပေးကာ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ The Daily Eleven မှ ကျိုက်မရောမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦးထံ မေးမြန်းခဲ့ရာ ဘာမျှမပြောနိုင်သေးဘူးဟု ပြန်လည်ဖြေကြားသည်။
Eleven Media Group
No comments:
Post a Comment