Sunday, November 23, 2014

ကမ်းလှမ်းတာနည်းလို့ ကားရိုက်ကျဲနေတယ်ဆိုတဲ့ အေးမြတ်သူ



လတ်တလောတွင် သ ရုပ်ဆောင်အသစ်များနှင့် အတူ တွဲကာ ဇာတ်ကားရိုက်ကူးနေ ရသည့် သရုပ်ဆောင်အေးမြတ် သူက ဇာတ်ကားရိုက်ကူးမှု နည်းနေခြင်းမှာ လာရောက်ကမ်းလှမ်း မှု နည်းခြင်းကြောင့်ဟုဆိုသည်။‘‘အခုတစ်လောတော့ ဇာတ် ကားရိုက်တာ နည်းနေတယ်။ ဘာလို့လဲဆိုတော့ လာကမ်းလှမ်း တာလည်း နည်းနည်း နည်းနေ တယ်လေ။ နောက်ပိုင်း ဘာတွေ ဆက်လုပ်ဖို့ ရှိတယ်ဆိုတာကို လည်း ပရိသတ်ကို ကြိုမပြောပြ ချင်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ကလည်း ကြိုပြောထားပြီး မှ ပျက်သွားပြီး မရိုက်လိုက်ရတော့ ပြောကြလို့ပါ’’ ဟု သရုပ်ဆောင် အးမြတ်သူက ပြောသည်။

သရုပ်ဆောင် အေးမြတ်သူ သည် ‘‘ပေါ် ပေါ့ ပေါ်’’ အမည်ရှိ ဗီဒီယိုဇာတ်ကားတစ်ခုတွင် တော ကို အထင်မကြီးဘဲ မြို့ကိုအထင် ကြီးပြီး မြို့တက်၍အလုပ်လုပ်ရာမှ ဘာမှဖြစ်မလာဘဲ တောပြန် ရောက်လာသည့် ကောင်မလေး တစ်ယောက်နေရာတွင် သရုပ် ဆောင်နေကြောင်း ပြောသည်။

သက်လတ်တန်း ၀င်လာပြီ ဖြစ်သော မင်းသမီးက အိမ်ထောင် ရေးနှင့် ပတ်သက်၍ အသက် (၃၀) ကျော်မှ အိမ်ထောင်ပြုမည်ဟု ဆို သည်

7Day Daily

No comments:

Post a Comment