၂ ဒသမ ၅၁ မီတာ (ရှစ်ပေ ကိုးလက်မ) ရှည်သော ကမ္ဘာ့ အရပ်ရှည်ဆုံး အမျိုးသား တူရကီ နိုင်ငံမှ ဆူလ်တန် ကိုဆန်သည် အရပ် ၅၅ စင်တီမီတာ (တစ်ပေနှင့် ၉ ဒသမ ၅လက်မ) သာရှိသော ကမ္ဘာ့ အရပ်ပုဆုံး အမျိုးသား နီပေါ နိုင်ငံမှ ချန်ဒရာ ဘူဟာ ဒူလ်ဒန်ဂီနှင့် တွေ့ဆုံ ခဲ့ကြသည်။ အသက် ၃၁ နှစ် အရွယ်ရှိ လယ်သမား ကိုဆန်သည် အသက် ၇၄ နှစ် အရွယ်ရှိ ဒန်ဂီနှင့် လန်ဒန် မြို့ရှိ လွှတ်တော်တွင် လက်ဆွဲ နှုတ်ဆက်ခဲ့ ရာ ကိုဆန်က ကိုယ်ကို ကိုင်းညွှတ်၍ လက်ဆွဲ နှုတ်ဆက် ခဲ့ရသည်။“ဒန်ဂီ အရပ် ဘယ်လောက်ထိ ရှည်လာ မလဲဆိုတာ ကျွန်တော် အရမ်း စိတ်ဝင်စား နေတယ။် အခုတော့ ဒန်ဂီကို တွေ့တဲ့အခါမှာ သူဘယ်လောက် သေးတယ် ဆိုတာကို တွေ့မြင် ခဲ့ရပါပြီ”ဟု ကိုဆန်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြား ခဲ့သည်။
“ကျွန်တော့်ရဲ့ ဒူးခေါင်းတွေနဲ့ ပတ်သက် ပြီးတော့ ပြဿနာတွေ ရှိခဲ့တယ်။ ကျွန်တော် အချိန် အကြာကြီး ရပ်တဲ့ အခါ မောပန်း လာတယ်။ သူက အရပ်ပုပြီး ကျွန်တော် က အရပ် ရှည်တယ်။ ကျွန်တော်တို့မှာ ဘ၀ကို ဖြတ်သန်းတဲ့အခါမှာ အလားတူ ကြိုးစား ရုန်းကန်မှုတွေ ရှိခဲ့ကြတယ်။ ချန်ဒရာရဲ့ မျက်လုံးကို မြင် လိုက်တဲ့ အခါ သူဟာ စိတ်ကောင်းရှိတဲ့ အမျိုးသား တစ်ယောက် ဆိုတာ ကျွန်တော် သိလာတယ်”ဟု ကိုဆန်က ပြောကြား ခဲ့သည်။
ကမ္ဘာ့ အရပ်ရှည်ဆုံး အမျိုးသား ကိုဆန်၏ လက်များသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ကြောင်းနှင့် ၎င်း၏ လက်ကောက်ဝတ်မှ လက်ခလယ် ထိပ်ဆုံး အထိ ၂၈ ဒသမ ၅ စင်တီမီတာ (၁၁ဒသမ၂၂လက်မ) ရှိသည်။
“ကျွန်တော် ကမ္ဘာပေါ်မှာ အရပ်အရှည် ဆုံးလူသားကို မြင်တွေ့ခွင့် ရပါပြီ။ ကျွန်တော့်ရဲ့ အများနဲ့ မတူအောင် ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အရပ်ကြောင့်ပဲ လူအများရဲ့ စိတ်ဝင်စား ခြင်းကို ခံခဲ့ရတယ်။ ဂင်းနစ် မှတ်တမ်းတင် ခံခဲ့ရတဲ့ အတွက် ကြောင့်လည်း ကျွန်တော် နိုင်ငံ အများအပြားကို အလည်အပတ် ရောက်ခဲ့ တယ်။ လူအများ အပြားနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော် အရပ်ပု တာကို အမှန် တကယ် မြတ်နိုး မိပါတယ်”ဟု ဒန်ဂီက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။
Ref: AFP
Mizzima
No comments:
Post a Comment