
အင်ဒိုနီးရှား ရဲမေများ။
ရဲတပ်ဖွဲ့ဆေးရုံများတွင် အမျိုးသမီးဆရာဝန်များနှင့်သာပြုလုပ်သည့် အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ရဲတပ်ဖွဲ့၏ စံဖြစ်သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ ဥပဒေဋ္ဌာနခွဲ အကြီးအကဲ စစ်ဆေးရေးမှူးချုပ် မိုအက်ခ်ျဂျီယာတိုက နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။ “ဒီလုပ်ငန်းစဉ် လုပ်နေတာ ကြာပါပြီ။ အပျိုစစ်မစစ် စစ်ဆေးခြင်း အားဖြင့် အရာရှိလောင်းတွေရဲ့ အရည်အသွေးကို စစ်ဆေးဖို့ လိုပါတယ်"ဟု မိုအက်ခ်ျဂျီယာတိုက တောင်ဂျာကာတာ၊ ကူနင်ဂန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ရဲအရှိလောင်း တစ်ဦးသည် ပြည့်တန်ဆာ ဖြစ်နေသည်ကိုစစ်ဆေးတွေ့ရှိရပါက လက်ခံနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ သည်။ယင်းသို့ စစ်ဆေးမှုသည် အမျိုးသမီးများအား နှိမ်ချဆက်ဆံမှုဖြစ်သည်ဟု လူ့အခွင့်အရေးလှုံ့ဆော်သူများ က ပြင်းထန်စွာဝေဖန် လျက်ရှိသည်။
Ref: Jakata Post
Mizzima News
No comments:
Post a Comment