Thursday, November 13, 2014

မမှတ်မိနိုင်လောက်အောင် ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့အတွက် လေဆိပ်ကနေ ဘယ်မှသွားလို့မရတဲ့ အမျိုးသမီးများ



ခုနောက်ပိုင်း ပလတ်စတစ်ဆာဂျရီလုပ်တဲ့သူဟာ ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာ တော်တော်ကိုများပြားလာပါပြီ။ ဒါပေမယ့် ပလတ်စတစ်ဆာဂျရီနဲ့ ပတ်သက်ရင် ကိုရီးယားနိုင်ငံဟာ တော်တော်လေး နာမည်ကြီးတာမို့ မျက်နှာခွဲစိတ်ပြုပြင်တော့မယ်ဆိုတာနဲ့ ကိုရီးယားမှာပဲ ခွဲစိတ်ဖို့ ဆုံးဖြတ်ကြတာများပါတယ်။ ခုနောက်ပိုင်းဆို၇င် တရုတ်က အမျိုးသမီးတော်တော်များများဟာ ကိုရီးယားကို လာပြီး ခွဲစိတ်ပြုပြင်လာကြတယ်လို့ သိရပါတယ်။တရုတ်က သတင်းဌာနတစ်ခုဖြစ်တဲ့ CEN ကဖော်ပြချက်အရ "ခု ပလတ်စတစ်ဆာဂျရီလုပ်တယ်၊ မျက်နှာခွဲစိတ်တယ်ဆိုတာ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းလေးတစ်ခု၊ နှစ်ခုကို ပြုပြင်လိုက်တာမျိုး မဟုတ်တော့ပဲ မျက်နှာတစ်ခုလုံးကို ပုံစံပြောင်းပြီး မမှတ်မိလောက်အောင်ကို ပြင်လာကြတာ " လို့ သိရပါတယ်။



ဒါ့ကြောင့်လည်း တရုတ်ကနေ ကိုရီးယားမှာ ခွဲစိတ်ပြုပြင်ပြီးတဲ့အခါ အိမ်ပြန်လို့မရတော့အောင်ကို ပတ်စ်ပို့ထဲက မျက်နှာနဲ့ အပြင်မျက်နှာ လုံးဝကွာခြားနေကြတာပါတဲ့။ ဘယ်လောက်တောင်များလဲဆိုရင် ကိုရီးယားနိုင်ငံက ဆေးရုံ၊ ဆေးခန်းတွေက သူတို့ခွဲစိတ်ပေးလိုက်တဲ့သူတွေ ကိုယ်နေတဲ့ နိုင်ငံကို ပြန်တဲ့အခါ အခက်အခဲကြုံရတဲ့အတွက် "plastic surgery certificate" တွေတောင် ထုတ်ပေးနေရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ပလတ်စတစ်ဆာဂျရီ ဆရာဝန်များအသင်းက ထုတ်ပြန်ချက်အရဆိုရင် တောင်ကိုရီးယားနိုင်ငံက လူ ၇၇ယောက်မှာ တစ်ယောက်ဟာ ခွဲစိတ်ပြုပြင်ထားသူ ဖြစ်ပြီး ခုခေတ်စားလာတဲ့ ခွဲစိတ်ပြုပြင်မှုကတော့ အနောက်တိုင်းနိုင်ငံက မျက်နှာပုံစံအနေအထား ခွဲစိတ်မှုဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန်ခွဲစိတ်ပြုပြုမှုကတော့ နှာခေါင်းနဲ့ မျက်လုံးခွဲစိတ်မှုပါ။



မြူးဇစ်ပိုင်းမှာလည်း အနေအထားတစ်ခုဖြစ်လာသလို ကမ္ဘာကို ထိုးဖောက်နိုင်လာတဲ့အတွက် အနုပညာရှင်တွေရဲ့ပုံပြပြီးတော့ကို ခွဲစိတ်မှုတွေပြုလုပ်လာကြပါသတဲ့။

ခွဲစိတ်ပြုပြင်ပြီး အသားကျသွားတဲ့ မျက်နှာကို မိတ်ကပ်တွေ၊ ပြင်ဆင်ခြယ်သမှုတွေ လုပ်လိုက်တဲ့အခါ မပြင်ခင်ကပုံနဲ့ လုံးဝကွာခြားသွားတာမို့ ခွဲစိတ်ပြုပြင်ထားတဲ့သူတွေဟာ စိတ်ကျေနပ်ပျော်ရွှင်သွားကြတယ်လို့ သိရပါတယ်။



Ref:cosmopolitan.com
မေသော် 
Trend Myanmar

No comments:

Post a Comment