Wednesday, December 31, 2014

ရိုးရှင်းပြီး အဆင်ပြေထိရောက်တဲ့ ယင်ကောင်မောင်းထုတ်နည်း



ကျွန်တော်တို့ကို စိတ်အနှောက်အယှက် ပေးလှတဲ့ ယင်ကောင်တွေနဲ့ ကင်းဝေးစေဖို့ အသုံးပြုနိုင်မယ့် နည်းလမ်းတစ်ခုပဲ ပြောပြချင်ပါတယ်။

အရင်တုန်းက စေးကပ်နေတဲ့ ကြိုးပြားလေးတွေ သို့မဟုတ် ဖြန်းဆေးမုတ်ဆေး စသဖြင့် ဖြေရှင်းနည်းအမျိုးမျိုး ကြားဖူးကြမှာပါ။ အဲဒီနည်းတွေက အစားအစာနဲ့ နီးနီးကပ်ကပ်မသုံးသင့်တဲ့ နည်းတွေဖြစ်ပါတယ်။ သို့ပေမယ့် ယခု တင်ပြမယ့် နည်းက ယင်ကောင်တွေကို တွန်းလှန်ဖို့ အဆင်ပြေဆုံးနဲ့ အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ဒီနည်းကို လက်နက်သဖွယ် အသုံးပြုဖို့ရာ လိုအပ်တာလေးတွေက လေးညှင်းသီး အခု (၃၀) နဲ့ ပန်းသီးတစ်လုံးလေးပဲဖြစ်ပါတယ်။ ပုံမှာပြထားသလို လေးညှင်းသီးအားလုံးကို ပန်းသီးထဲ ထိုးစိုက်လိုက်ပါ။ ပြီးရင် စားပွဲအလယ်မှာ တင်ထားလိုက်ပါ။ ဒီလိုဆိုရင် ယင်ကောင်တွေအနားလာမကပ်တော့တဲ့အပြင် ပန်းသီးနဲ့ လေးညှင်းသီးရဲ့ မွှေးကြိုင်တဲ့ရနံ့ ကိုပါ ရရှိခံစားရမှာဖြစ်ပါတယ်။

Source: naturalhealthcare
Trend Myanmar

No comments:

Post a Comment