Tuesday, December 2, 2014

အမျိုးသမီးတွေ ချိုင်းမွှေးအရှည်ထား၊ အရောင်ဆိုးပြီး ဓာတ်ပုံဆိုက်တွေမှာတင်ခြင်းဟာ ခုရက်ပိုင်းအတွင်း ပိုမိုခေတ်စားလာ



မကြာသေးခင် အချိန်ကာလတုန်းက အမျိုးသမီးတွေ ချိုင်းမွှေးအရှည်ထားပြီး ဓာတ်ပုံတွေ အပြိုင်အဆိုင် ရိုက်တင်ကာ campaign တစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒါကတော့ အမျိုးသမီးတွေဟာ ခုလို ချိုင်းမွှေးတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့သွားတာမျိုး မဖြစ်စေဖို့နဲ့ ဒီလို ချိုင်းမွှေးအရှည်ထားလည်း လှတာက လှနေတာပဲဆိုတာ သိစေဖို့အတွက် ဓာတ်ပုံရိုက်ပြီး အဲ့ဒီ campaign လုပ်တဲ့ ဆိုက်ကို ပို့ပေးရတာပါ။ ခုတစ်ခါမှာတော့ အဆန်းထွင်တာလို့ပဲ ဆိုရမလား။ အနောက်နိုင်ငံက မိန်းကလေးတော်တော်များများဟာ သူတို့ရဲ့ ချိုင်းမွှေးတွေကို အရောင်ဆိုး ဓာတ်ပုံရိုက်ပြီး instagram နဲ့ Tumblr မှာ တင်လာကြပါတယ်။ ပန်းရောင်၊ ခရမ်း၊ အပြာ၊ အစိမ်း စတဲ့ ကာလာပေါင်းစုံနဲ့ တွေ့ရတဲ့ ချိုင်းမွှေးပုံတွေအတွက် တစ်ချို့ကတော့ ဒါ ရေစီးကြောင်းတစ်ခုလို့ ဆိုကြပေမယ့် တစ်ချို့ကတော့ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ မှတ်ချက်ပေးကြပါတယ်။ဘယ်လိုပဲပြောပြော ဆယ်ကျော်သက်တွေရဲ့ စိတ်ကူးအိုင်ဒီယာတွေကတော့ အဆန်းတကြယ်ပါပဲ။ ဒီချိုင်းမွှေးအရောင်ဆိုးတဲ့ ရေစီးကြောင်းဘယ်လောက်သွားမယ်ဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။

Ref:cosmopolitan.com
မေသော် 
Trend Myanmar

No comments:

Post a Comment