Sunday, December 7, 2014

ပရိသတ်အတွက် အကောင်းဆုံးကြိုးစားထားတဲ့ အိုင်းရင်းရဲ့ ‘ချစ်လို့’



ဒုတိယတစ်ကိုယ်တော် အခွေကို ချစ်လို့ဟု အမည်ပေးထားပြီး ဖျော်ဖြေပွဲများတွင် သီဆို၍ အ ဆင်ပြေစေမည့် သီချင်းများထည့် သွင်းထားကြောင်း အိုင်းရင်းဇင် မာမြင့်က ပြောသည်။

‘‘အိုင်းရင်းကို ဘုရားသခင် က ချစ်လို့ ဒီနေ့ထိ ရပ်တည်ခွင့်ပေးတယ်။ အိုင်းရင်းကလည်း ပရိ သတ်ကိုချစ်လို့ ရပ်တည်ခွင့်ရ တယ်။ အဲဒီနှစ်ခုကိုပဲယူပြီး ချစ်လို့ဆိုတဲ့ နာမည်လေးပေးခဲ့တာပါ။ သီချင်းအနေနဲ့တော့ မပါပါဘူး’’ဟု အိုင်းရင်းဇင်မာမြင့်က ပြော သည်။ချစ်လို့သီချင်းခွေတွင် သီ ချင်းပုဒ်ရေ ၁၃ ပုဒ် ပါဝင်မည် ဖြစ်ပြီး မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ စံပီး၊ ကောင်းကောင်းတို့အပါအ၀င် တေးရေးဆရာ ဆယ်ဦးပါဝင်ရေးသားပေးထားသည်ဟု ဆိုသည်။

‘‘ရော့ခ်နည်းနည်းဆန်တဲ့ သီ ချင်းမြူးမြူးလေးတွေပါတယ်။ ဒီ အခွေမှာပါတဲ့ အချစ်ရဲ့ကမ္ဘာ၊ ကြော်ငြာမ၀င်နဲ့၊ စိတ်ကူးနဲ့ရူး၊ နောက်ပြီး မိဘတွေကို ဂုဏ်ပြုလို့ ရမယ့် စုန်ရေဆိုတဲ့ သီချင်းတွေက တော့ ဖျော်ဖြေပွဲတွေမှာ ဆိုလို့ရ မယ့် သီချင်းတွေဖြစ်လိမ့်မယ်’’ဟု အိုင်းရင်းဇင်မာမြင့်က ပြောသည်။ချစ်လို့ အခွေကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဖြန့်ချိပေးမည် ဖြစ်ပြီး ကိုယ်တိုင်အကောင်းဆုံး ဖြစ်စေရန် ကြိုးစားထားသော ကြောင့် ပရိသတ်အားပေးမှုလည်း လိုချင်ကြောင်း ၎င်းက ပြောသည်။

7Day Daily

No comments:

Post a Comment