Sunday, December 21, 2014

‘‘ဇာတ်သိမ်းထိမကြည့်နဲ့’’ဇာတ်ကား ဝေဖန်ခံရပေမယ့် ကြည့်သင့်တဲ့အကြောင်းပြောလိုက်တဲ့ နေတိုး



အဓမ္မကျင့်သည့် ဇာတ်ဝင်ခန်းများကြောင့် ‘‘ဇာတ်သိမ်းထိ မကြည့်နဲ့’’အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ထားသော သရုပ်ဆောင် နေတိုးက ယင်းဇာတ်လမ်းမှာ ပညာပေးဇာတ်ကားဖြစ်၍ ပရိသတ်များကြည့်သင့်ကြောင်း ဆိုသည်။‘‘ကျွန်တော်ပရိသတ်ကို ယုံယုံကြည်ကြည်နဲ့ ပြောရဲတာတစ်ခုက ဒီကားကို Family တစ်ခုလုံးကြည့်လို့ရတဲ့ဇာတ် ကားပါပဲ’’ဟု သရုပ်ဆောင်နေတိုးကဆိုသည်။

အဆိုပါဇာတ်လမ်းတွင် ပရိသတ်များအားပေးချင် သည့် အသိပညာများနှင့် အထူးသဖြင့် လူငယ်များအတွက်စာရိတ္တနှင့် ပတ်သက်သည့် ယုတ်မာမှု၊ မသမာမှု များမရှိစေလိုသည့် ဇာတ်လမ်းမျိုးဖြစ်၍ ရိုက်ကူးဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားသည် မုဒိမ်းမှု၊ လူသတ်မှု ဇာတ်လမ်းတစ်ခုမှစ၍ ရာဇ၀တ်ကျူးလွန်ခဲ့သည့် အပြစ်သားများ ဒုက္ခရောက်ပုံများကို ပညာပေးဇာတ်လမ်းအဖြစ် ရိုက်ကူးထားခြင်းဖြစ်ပြီး ဆင်ဆာလူကြီးများက ဇာတ်ကားတွင် အဓမ္မပြုကျင့်ခံရသော အမျိုးသမီးအခန်းကို သုံးကြိမ်တိုင်တိုင် ထည့်ထားခြင်းကြောင့် အများပြည်သူများသို့ ယဉ်ကျေးမှုအရပြသ ရန် မသင့်ဟု မှတ်ချက်ပြုထားကြသည်။

ပရိသတ်များ၏ အားပေးမှုများကြောင့် ရရှိခဲ့သည့် FocusOnline 2014 ဆုအတွက်လည်း အလွန်တန်ဖိုးထားမိပြီး ၀မ်းသာမိကြောင်း ယင်းဆုမှာ ၎င်းကိုယ် တိုင်အနုပညာအရ ကြိုးစားပြီး ရရှိခဲ့သည့် ဆုမဟုတ်ဘဲ ပရိသတ်များ ချစ်ခင် အားပေး၍ ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သရုပ်ဆောင် နေတိုးမှဆုရရှိသည့်အပေါ် ခံစား ချက်ကိုပြောပြသည်။

တေးသံရှင် ရိန်မိုးနှင့် နှစ်ဦးပေါင်းထွက်ရှိခဲ့သည့် ဖန်ဆင်းရှင်ဗီစီဒီကိုလည်း နောင်နှစ်တွင် ထွက်ရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ် အကယ်ဒမီအတွက် ခန့်မှန်းပေးကြသည့်အတွက် ကျေးဇူးတင်မိကြောင်းဆိုသည်။

လက်ရှိတွင် ငိုအားထက် ရယ်အားသံအမည်ရှိ ဟာသဇာတ်လမ်းတစ်ခုကို သရုပ်ဆောင် အိချောပိုနှင့်အတူရိုက်ကူး နေကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment