
ဝင်ငွေနည်းပါးသည့် စုံတွဲများအတွက် တူနှစ်ကိုယ် ဘ၀တစ်ခု ထူထောင်နိုင်ရန် ဆောင်ရွက်ပေးသည့် ထိုနေ့ကို "The Day of I Do" ဟု အမည် ပေးထားသည်။
စုံတွဲများ နှင့် ၄င်းတို့၏ ဧည့်သည်များအတွက် အသွားအပြန် အထူးရထားများကို ရီယို မြို့ရှိ အာဏာပိုင်များက စီစဉ်ပေးခဲ့သည်။ မင်္ဂလာပွဲကို မာရာကာနာဇင်ဟိုဟု အမည်ရသည့် မိုးလုံလေလုံ အားကစားရုံကြီးတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၂၀၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ လစဉ် မိသားစု ဝင်ငွေ ဒေါ်လာ ၁,၀၀၀ (ပေါင်စတာလင် ၆၄၀) အထိသာ ရရှိ ကြသော စုံတွဲများ အနေဖြင့် ထို အစုအဝေးလိုက် မင်္ဂလာပွဲတွင် ပါဝင် မင်္ဂလာဆောင်ခွင့် ရှိသည်။စုံတွဲများအား ရိုမန်ကက်သလစ် ဘုန်းတော်ကြီး တစ်ဦး နှင့် သင်းအုပ်ဆရာ တစ်ဦးက တို့က ကောင်းချီးမင်္ဂလာ ပေးခဲ့ကြသည်။ ထိုစုံတွဲများ ထဲမှ စုံတွဲ အများစုမှာ နှစ်ပေါင်းများစွာ အတူနေခဲ့ ကြပြီးမှ လက်ထပ် ခဲ့ကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့ မနက် ခြောက်နာရီလောက်မှာ အိပ်ရာထခဲ့ကြပါတယ်။ လူတွေ အများကြီး တွေ့ရပြီးတော့ ကျွန်တော်တို့ ဒီမှာ ခဏပဲ ကြာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းပျော် ပါတယ်” ဟု အသက် ၃၄ နှစ် အရွယ် အီမာဆန်မိုရေး(စ်) က O Globo သတင်းစာကို ပြောကြားခဲ့သည်။
Ref: BBC
Mizzima
No comments:
Post a Comment