
ရီးရဲလ်မက်ဒရစ်အသင်းသည် ဗုဒ္ဓဟူးနေ့နံနက်တွင် ကစားခဲ့သော ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်၌ တတိယ တန်းမှ ကိုနယ်လာအသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် လာလီဂါ အပါအဝင် ပြိုင်ပွဲများအားလုံးတွင် စပိန်၏ ဆက်တိုက်နိုင်ပွဲ အများဆုံး အသင်းစံချိန်ကို ဘာစီလိုနာနောက်တွင် ၁၇ ပွဲ ဆက်တိုက် နိုင်ပွဲဖြင့် ရောက်ရှိလာသည်။ရီးရဲလ်သည် ထိုပွဲမကစား မီကပင် ကွာတားဖိုင်နယ်တက်ရန် သေချာသလောက် ရှိနေသော် လည်း နှစ်ကျော့ပေါင်း ၉-၁ ဂိုးရလဒ်ဖြင့် ကွာတားတက်ခဲ့ခြင်း ဖြစ်သည်။ ရီးရဲလ်သည် ထိုအိမ်ကွင်းပွဲတွင် ဂိုးသမားနေရာ၌ တတိယဂိုးသမား ဖာနန်ဒိုပါချီချိုကို ထည့်သုံးခဲ့ပြီး ရှေ့တန်းတွင်ဘန်ဇီးမားနှင့် ရော်နယ်ဒိုတို့ကို မသုံးဘဲ ဟာနန်ဒက်ဇ်ကို သုံးခဲ့သည်။ ကွင်းလယ်တွင်မူ ရိုဒရီဂွက်ဇ်၊ အစ္စကို၊ အီလာရာမန်ဒီ၊ ခီဒီရာနှင့် ဒဏ်ရာမှ ပြန်ကောင်းလာသော ဂျတ်ဆီတို့ကို ထည့်သုံးခဲ့ပြီး အစ္စကို၊ ရိုဒရီဂွက်ဇ်၊ ဂျတ်ဆီတို့အားလုံး ဂိုးသွင်းနိုင်ခဲ့သည်။
ထိုရလဒ်ကြောင့် အန်ဆယ် လော့တီ၏ ရီးရဲလ်သည် ဘာစီလိုနာ၏ ပြိုင်ပွဲအားလုံးတွင် ၁၈ ပွဲဆက်တိုက်နိုင်ခဲ့သည့် ဖရန့်ရစ်ကတ် လက်ထက် ၂၀၀၅-၀၆ ဘောလုံးရာသီကို စံချိန်ကိုမီရန် တစ်ပွဲသာလိုတော့သည်။ ရီးရဲလ်သည် တနင်္ဂနွေနေ့တွင် ဆယ်လ်တာဗီဂိုနှင့် အိမ်ကွင်းပွဲကစားရမည်ဖြစ်ပြီး ထိုနောက်တွင် လူဒိုဂရတ်၊ အယ်မာရီယာအသင်းများနှင့် ဆက်ကစားရမည်ဖြစ်သည်။ စပိန်လာလီဂါတွင် ဆက်တိုက် နိုင်ပွဲအများဆုံးစံချိန်မှာ ဘာစီလိုနာကပင် ၂၀၁၀-၁၁ ရာသီက ဂွါဒီယိုလာလက်ထက် ၁၆ ပွဲ ဆက်တိုက် နိုင်ပွဲစံချိန် တင်ထားခြင်းဖြစ်သည်။ ရီးရဲလ်သည် ယခုရာသီတွင် လာလီဂါ ဆက်တိုက်နိုင်ပွဲ ၁၀ ပွဲသာ ရှိသေးသည်။
Dailymail
7Day Daily
No comments:
Post a Comment