Sunday, December 7, 2014

ပရိသတ်အကြိုက်ဆုံး အနုပညာရှင်စာရင်းမှာ ဦးဆောင်နေတဲ့ နေတိုးနဲ့ သက်မွန်မြင့်



Focus Online မဂ္ဂဇင်းမှ ရွေးချယ်ချီးမြှင့်သည့် ပရိသတ် အကြိုက်ဆုံးအနုပညာရှင်စာရင်းတွင် နေတိုးနှင့် သက်မွန်မြင့်တို့ မဲအများဆုံးနှင့် ဦးဆောင်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်များက မဲအများဆုံးရရှိသည့်အနုပညာရှင် တစ်ဦးကိုသာ ဆုပေးအပ်လေ့ရှိသော်လည်း ယခုနှစ်တွင် အမျိုးသားဆုနှင့် အမျိုးသမီးဆု ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။အမျိုးသားအနုပညာရှင်များတွင် နေတိုးက မဲအများဆုံးရရှိပြီး ၎င်း၏နောက်တွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အောင်ရဲလင်းတို့ရှိနေသည်။

အမျိုးသမီးအနုပညာရှင်များတွင် သက်မွန်မြင့်က မဲအများဆုံးရရှိပြီး ၎င်း၏ နောက်တွင် ၀တ်မှုံရွှေရည်နှင့် မိုးစက်ဝိုင်တို့က ရှိနေသည်။

ယင်းအစီအစဉ်တွင် ပါဝင်လိုသူများသည် Focus Online၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ မိမိကြိုက်သည့် အနုပညာရှင်ကို ဒီဇင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ မဲပေးနိုင်မည်ဖြစ်သည်။

အနုပညာရှင်စာရင်းကို Focus Online က ရွေးချယ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး အနုပညာရှင် ၃၀ ဦးစီ ပါဝင်သည်။ ဆုရရှိသည့် အနုပညာရှင်ကို ဒီဇင်ဘာ ၁၆ ရက်တွင်ကြေညာပေးမည်ဖြစ်ပြီး မဲအရေအတွက်နှင့် ပတ်သက်၍ အငြင်းပွား မှုများဖြစ်ပါက Focus Online အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည်ဟု ပြိုင်ပွဲပြုလုပ်သည့် အဖွဲ့အစည်းက ကြေညာထားသည်


7Day Daily

0 comments:

Post a Comment