CIA က ၄င်းတို့ ထိန်းသိမ်း ထားသူများကို အရက်စက်ဆုံးနည်း လမ်းများဖြင့် စစ်ဆေးနိုင်ရန် စိတ် ပညာရှင်နှစ်ဦးကို ဒေါ်လာသန်း၈ဝ ပေးကာ အဆင့်မြင့်နည်းလမ်းများ တီ ထွင်စေခဲ့သည်ဟု The Guardian သတင်းတွင် ဖော်ပြထားသည်။
CIA ၏ လုပ်ရပ်များကို မကြာ သေးမီက ထုတ်ပြန်ခဲ့သည့် အမေရိ ကန်ဆီးနိတ်လွှတ်တော်၏ ကြေညာ ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
ထိုကြေညာချက်က ပြင်ပကန်ထရိုက် တာများ၏ တိုးတက်လာသော လူမ ဆန်သည့် စစ်ဆေးရန် စွမ်းရည်များကို လည်း မီးမောင်းထိုးပြခဲ့သည်။
ယင်းတို့ တွင် ရေနှစ်စစ်ဆေးခြင်း၊ အိပ်၍မရ အောင်ပြုလုပ်ခြင်းနှင့် အင်းဆက်များ ကို အသုံးပြုခြင်းတို့ပါဝင်သည်။
စိတ် ပညာရှင်နှစ်ဦးက အဆင့်မြင့်စစ်ဆေး ရေးနည်းစနစ်များကို တီထွင်သည့် စီး ပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင် ခဲ့ပြီး ထိုလုပ်ငန်းမှနည်းစနစ်များကို CIA က အသုံးပြုခဲ့သည်။
ဆီးနိတ် ကြေညာချက်တွင် ပညာရှင်နှစ်ဦး၏ အမည်ကို မဖော်ပြထားသော်လည်း ဘရုစ်ဂျက်ဆန်နှင့် ဂျိမ်းစ်မစ်ချယ်တို့ သည် ၄င်းတို့၏ အတွေ့အကြုံရင့် စစ် ဆေးသူများဟူသောဂုဏ်ပုဒ်ကို တလွဲ အသုံးချနေသူများ အဖြစ် မကြာခဏ အစွပ်စွဲခံထားရသည်။
ဆီးနိတ်ကြေ ညာချက်၌ ပညာရှင်နှစ်ဦးသည် ၄င်း တို့ကုမ္ပဏီအား ၂ဝဝ၅ခုနှစ်တွင် CIA ၏ စစ်ဆေးရေးလုပ်ငန်းများ တွင် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် မည်သို့တည်ထောင်ခဲ့သည်ကို ဖော် ပြထားသည်။ CIA ကလည်း ဆီးနိတ် ၏ကြေညာချက်သည် အားလုံးနီးပါး တူညီပါသည်ဟု ထုတ်ပြန်ပေးသည်။
၂ဝဝ၆ခုနှစ်တွင် CIA နှင့် ထို ကုမ္ပဏီတို့၏စာချုပ်သည် ဒေါ်လာ သန်း ၁၈ဝအထိ တန်ဖိုးမြင့်တက်လာ ခဲ့သော်လည်း CIA ဘက်က စာချုပ် ကုန်ဆုံးချိန် ၂ဝဝ၈ခုနှစ်အထိ ဒေါ် လာ ၈၁သန်းသာပေးချေခဲ့သည်။
CIA က ဖော်ပြပါစိတ်ပညာရှင်နှစ် ဦးကို အယ်လ်ခိုင်ဒါအဖွဲ့၏ ထိပ်တန်း ခေါင်းဆောင် အဘူဇူဘေဒက်အား ဖမ်းမိခဲ့ပြီး ၂ဝဝ၂ခုနှစ်တွင် ငှားရမ်း ခဲ့ခြင်းဖြစ်သည်။
ဆီးနိတ်ကြေညာ ချက်တွင် ထိုပညာရှင်များ၏ အယ်လ် ခိုင်ဒါအဖွဲ့နှင့် ပတ်သက်သည့် ဗဟု သုတ၊ ၄င်းတို့၏စစ်ဆေးရေး အတွေ့ အကြုံနှင့် ဥပဒေပိုင်းဆိုင်ရာ သိမြင် မှုများကိုလည်း မေးခွန်းထုတ်ထား သည်။
၎င်းတို့က စစ်ဆေးရေးနည်း လမ်း များတွင် ''အကူအညီမဲ့ခြင်းကို သိမြင်စေခြင်း'' ဟူသော ၁၉၆ဝတွင် ပေါ်ပေါက်ခဲ့သည့် အခြေခံသဘော တရားတစ်ခုကိုအခြေခံကာ အဘူဇူ ဘေဒက်အား မီးအလင်းရောင်တစ် ခုတည်းသာရှိ၍ ဆွတ်ဆွတ်ဖြူနေ သော အခန်းတစ်ခုတည်းတွင် ထိန်း သိမ်းထားကာ ၄င်းကိုအိပ်၍မရ အောင်ပြုလုပ်၍ စစ်ဆေးခဲ့သည်။
ထို့အပြင် CIA သည် မစ်ချဲလ်၊ ဂျက် ဆန်တို့နှင့်လည်းပူးပေါင်းကာ လွန် စွာရက်စက်သော စစ်ဆေးရေးနည်း လမ်း ၂ဝကို ဖန်တီးခဲ့ကြောင်း ဆီး နိတ်ကြေညာချက်တွင် ဖော်ပြထား သည်။ အမေရိကန် တရားရေးဌာနက လည်း ထိန်းသိမ်းထားသူများကို အင်း ဆက်ပိုးများနှင့် သေတ္တာတစ်လုံးတွင် ထည့်၍ စစ်ဆေးရန်ခွင့်ပြုခဲ့သည်ဟု လည်း ဖော်ပြထားသည်။
Ref: The Guardian
ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group







0 comments:
Post a Comment