Monday, December 8, 2014

မိဘတိုင်း သိထားသင့်သော အင်တာနက် အတိုကောက်စာလုံး (internet acronyms) ၂၈ ခု


ကျွန်တော်က မိုဘိုင်ဖုန်းသုံးစွဲတဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ မိဘတစ်ဦးဦးကို "ခင်ဗျား ခင်ဗျားသား/သမီး ဖုန်းထဲက 'LOL' ကို သိလား" လို့ မေးတယ် ဆိုပါစို့။ အမေးခံရတဲ့သူက ပြုံးမယ်။ "ဒါလေးများ" ပေါ့။ 'LOL' က အများသိ စကားလုံးဆိုတော့ မိဘအတော်များများ သိမယ်။ သို့သော် ကျွန်တော်က "ခင်ဗျား 'IWSN' ကို သိလားလို့ မေးရင်တော့ ထိုမိဘ မသိနိုင်တော့ဘူး။ဒါက declarative statement တစ်ခုပါ။ 'I want sex now' လို့ အဓိပ္ပါယ်ရတယ်ဗျ။ ဒီလို acronym တွေက အင်တာနက်ပေါ်မှာ ပေါ်ပြူလာ ဖြစ်နေကြတယ်။ ဆယ်ကျော်သက်လေးတွေက သုံးစွဲနေကြတယ်။ သူတို့ချင်းသာ သိနိုင်တဲ့ စကားများအဖြစ် သုံးစွဲနေကြတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေ၊ texting apps တွေမှာ သုံးစွဲနေကြတယ်။

ဟုတ်ကဲ့။ ဘယ်လို acronym တွေလဲ။ ကျွန်တော်တို့ မသိကြတဲ့ acronym တစ်ချို့ကို တစ်ချက်လောက် လေ့လာကြည့်ရအောင်ပါ။ LMK = let me know; WYCM = will you call me? ဒီလောကါအထိ ပြသနာ မရှိဘူး။ ရိုးရိုးသားသား အနေအထားမှာ သုံးလို့ရတယ်။ သုံးနေကြတယ်။ ဒါပေမယ့် တစ်ချို့သော acronym တွေက မိဘများ ရင်ဖိယူရမယ့် အဓိပ္ပါယ်တွေ။ ဒါပေမယ့် မိဘတွေက acronym ကို မြင်ပေမယ့် အဓိပ္ပါယ် မသိနိုင်ဘူး။ ဥပမာ 'GNOC' ဆိုပါတော့ဗျာ။ အဓိပ္ပါယ်က "get naked on camera"။

ဒီလို acronyms တွေကျတော့ ဆယ်ကျော်သက်တွေရဲ့ မိဘတွေ သိထားဖို့ လိုပါတယ်။ အထူးသဖြင့် မိန်းကလေးငယ်များရဲ့ မိဘတွေက ပိုပြီးလိုအပ်ပါတယ်။ မိုဘိုင်ဖုန်းတွေနှင့် မိဘတွေရှေ့မှောက်မှာတင် မိဘတွေမသိတဲ့ acronyms တွေသုံးပြီး မိဘတွေကိုလှည့်ဖျားကာ ဆက်သွယ်နေကြတာတွေ ရင့်နင့်ဖွယ်တွေ့နေရပါတယ်။

အင်တာနက်ပေါ်မှာ မိမိတို့ရဲ့ သားသမီးတွေကို မလျော်တဲ့အနေအထားမှာ တွေ့မြင်ရမှ ရင်ကွဲပက်လက်၊ လူအလယ်မှာ မျက်နှာမပြရဲတဲ့ မိဘတွေလည်း အများအပြားပါပဲ။ သားသမီးယုံ စုံလုံးကန်းလို့ ဆိုကြရမှာပါ။

ဒါကြောင့် ဘယ်လိုပဲ သားသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးသည်လို့ ဆိုပါစေ၊ မိဘတွေအနေနှင့် သား/သမီးများ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် သား/သမီးများရဲ့ မိုဘိုင်းဖုန်းများကို စစ်ဆေးကြည့်သင့်ကြပါတယ်။ ဒါမှလည်း မဖြစ်သင့်တာတွေ မဖြစ်ရအောင် တားဆီးနိုင်ကြမှာ ဖြစ်ပါတယ်။

"Prevention is better than cure" ဆိုတဲ့အတိုင်း မိဘများအနေနှင့် မဖြစ်သင့်တာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ မိဘတိုင်းသိထားသင့်သော internet acronym ၂၈ ခု ကို ဖော်ပြလိုက်ပါတယ်။

1. IWSN - I want sex now

2. GNOC - Get naked on camera

3. NIFOC - Naked in front of computer

4. PIR - Parent in room

5 CU46 - See you for sex

6. 53X - Sex

7. 9 - Parent watching

8. 99 - Parent gone

9. 1174' - Party meeting place

10. THOT - That hoe over there

11. CID - Acid (the drug)

12. Broken - Hungover from alcohol

13. 420 - Marijuana

14. POS - Parent over shoulder

15. SUGARPIC - Suggestive or erotic photo

16. KOTL - Kiss on the lips

17. (L)MIRL - Let's meet in real life

18. PRON - Porn

19. TDTM - Talk dirty to me

20. 8 - Oral sex

21. CD9 - Parents around/Code 9

22. IPN - I'm posting naked

23. LH6 - Let's have sex

24. WTTP - Want to trade pictures?

25. DOC - Drug of choice

26. TWD - Texting while driving

27. GYPO - Get your pants off

28. KPC- Keeping parents clueless

From: Myo Min Thant

No comments:

Post a Comment