Wednesday, December 17, 2014
KIA အဖွဲ့ လူသစ်စုဆောင်းမှုများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အတွင်း တီးမားကျေးရွာ အတွင်းသို့ KIA အဖွဲ့များ ၀င်ရောက် လူသစ်စုဆောင်းမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက်၊ ည (၈) နာရီအချိန်ခန့်တွင် ကွတ်ခိုင်မြို့ နယ် အတွင်းရှိ တီးမားကျေးရွာ၊ တက္ကနိုင်းကျေးရွာ များသို့ KIA အဖွဲ့မှ အင်အား (၁၀၀) ကျော်ခန့် ၀င်ရောက်လာပြီး ကျေးရွာအတွင်းရှိ အသက် မပြည့်သေးသော ကျောင်း သားလူငယ်များအပါအ၀င် ဒေသခံရွာသား အများ အပြား ဖမ်းဆီးခေါ်ဆောင် သွားပြီး မန်ခိုပျဉ် ကျေးရွာဘက်သို့ ထွက်ခွာ သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောပြသည်။
ယခုကဲ့သို့ရှမ်းနှင့်ပလောင်လူမျိုးများအများအပြားနေထိုင်သော ကျေးရွာများအတွင်းသို့ KIA အဖွဲ့များ ၀င် ရောက်ပြီး ဆက်ကြေးကောက်ခြင်း၊ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ရှမ်းလူငယ်များ အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်ရန်နှင့်KIAအဖွဲ့၏ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးသွားသော ရှမ်းလူမျိုးများ အတွက် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ၊ (၃) ရက်၊ နေ့တွင် မြစ်ကြီးနားမြို့ရှိ ဆုတောင်းပြည့် စေတီ ရင်ပြင်တော် တွင် ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း ရှမ်းရိုးရာအဖွဲ့မှ ဦးစန်းဝေ ကပြောကြား ထားသည်။
ရှမ်းလူမျိုးများအနေဖြင့် KIA အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စဉ်ဆက်မပြတ် ခံနေရကြောင်း၊ KIO နည်းပညာအကြံပေး အဖွဲ့မှတဆင့် KIA/KIO ခေါင်းဆောင်များထံသို့တိုင်ကြားထားသော်လည်း ဆောင်ရွက် ပေးခြင်း မရှိကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဆက်လက်ပြောကြားသည်။
ခွန်နေမင်း (ကွတ်ခိုင်)
Kachin Daily News

No comments:
Post a Comment