Wednesday, December 10, 2014
ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီလီထံ KIA/KIO အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကချင်ပြည်နယ် သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တိုင်ကြားစာပေးပို့
ဇူလိုင်လအတွင်းက ကချင်ပြည်နယ်သို့လာရောက် လေ့လာခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီလီထံ KIA/KIO အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကချင်ပြည်နယ် သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တိုင်ကြားစာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
တိုင်ကြားစာတွင် သျှမ်းမျိုးနွယ်စုများသည် ကချင်ပြည်နယ်ဟု မသတ်မှတ်မီကာလအတွင်းကပင် နေထိုင်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ်တွင် ကချင်လူမျိုးများမှ ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထွက်ရန် နှင့် သီးခြားနိုင်ငံထူထောင်ရန်အတွက် KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အား ဖွဲ့စည်းခဲ့ကြကြောင်း၊ ထိုအချိန်မှစ၍ KIA အဖွဲ့သည် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံသျှမ်းမျိုးနွယ်စုများအပါအ၀င် အခြားသောတိုင်းရင်းသားများအပေါ် ဆက်ကြေးကောက်ခံခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ အများပြည်သူသွားလာအသုံးပြုနေသည့် လမ်း၊ တံတား၊ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော လူငယ်များအား ပြန်လည်စေလွှတ်ပေးပါရန် ၄င်းတို့၏ မိဘများကိုယ်တိုင် KIA ဗိုလ်ချုပ်ဂွမ်မော်ထံ တိုက်ရိုက်တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ပြန်လည် စေလွှတ်ပေးခြင်းမရှိသေးကြောင်း အစရှိသဖြင့် ပါရှိပါသည်။
ပေးပို့ - မြင့်အောင်နိုင်
Shan News




No comments:
Post a Comment