
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ၏ တယ်လီဖုန်း(ကြိုးဖုန်း) ဆက်သွယ်ရေး စနစ်ညံ့ဖျင်းခြင်း၊GSM,CDMA စသည့်ဖုန်းများ၏ ဆက်သွယ်ရေးကွန် ရက် မကောင်းခြင်း၊အင်တာနက်လိုင်း သုံးစွဲရမှု အခြေအနေ(လုံးဝ) ကောင်းမွန် မှုမရှိခြင်း၊ADSL လိုင်းသည်လည်း မကောင်းခြင်းများတို့အပေါ် ကသာမြို့ခံ လူထုကသည်းခံနိုင်စွမ်းမရှိတော့သဖြင့် ကသာမြို့မှ mpt ကို (၁.၁.၂၀၁၅)ရက် နေ့တွင် စုပေါင်းဆန္ဒပြကြမည်ဟု သိရ သည်။၎င်းဆန္ဒထုတ်ဖော်ပွဲကို ကသာမြို့မှ မြို့ခံသတင်းထောက် ဟာဂျူလီ(ကသာ) မှဦးဆောင်ဆန္ဒပြမည်ဟုသိရပြီးဆက်သွယ် ရေးစနစ်နှင့် အက်တာနက်လိုင်းကောင်းမွန်စွာ သုံးစွဲခွင့်မရကြသည့် ကသာမြို့ခံ လူထုမှ အားတက်သရော ပါဝင်ဆင်နွှဲ ကြမည်ဖြစ်သည်။ အဆိုပါ ဆန္ဒထုတ် ဖော်ပွဲသတင်းကို ကြားသိရသော မြို့ခံလူငယ်တစ်ဦးက “Good တယ်ဗျာ။ ဒီလို mpt ကို ဆန္ဒပြတယ်ဆိုတာ ကျွန်တော် တို့မြန်မာနိုင်ငံရဲ့ ဘယ်မြို့မှာမှ မပြုလုပ်ခဲ့ သေးဘူးလို့သိရပါတယ်။ သိကြတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီရပြီးတဲ့ မြန်မာ နိုင်ငံမှာလယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားတွေ ဆန်္ဒပြကြ တယ်။ အခြားပါတီရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေ ပြင်ဆင်ရမယ့် ဥပဒေ ဆိုင်ရာ အချက်အလက်တွေအကြောင်း ဆန္ဒပြကြတာများတယ်ဗျ။ အခုလို မြန်မာ့ဆက်သွယ်ရေး Good ကို ဖုန်းဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်း မကောင်းလို့ ဆန်္ဒဖော်ထုတ်တာက စစ် ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့က ပထမ ဆုံးဖြစ်ခဲ့တယ်ဆိုရင် ဆန္ဒပြရာမှာ ပါဝင်ခဲ့ သူကျွန်တော့်အနေနဲ့ ဘာပဲဖြစ်ဖြစ် ၀မ်း သာဂုဏ်ယူပါတယ်။ ဟုတ်တယ်ဗျ။ ပွင့် လင်းမြင်သာမှုရှိရမယ့် ကျွန်တော်တို့ခေတ် မှာ မပွင့်လင်းအောင် မမြင်သာအောင်ပိတ်ဆို့တားဆီးကာကွယ်ထားတဲ့ ဆက် သွယ်ရေးစနစ် မကောင်းတာကိုလည်း ဖော်ထုတ်ရမှာပဲပေါ့””ဟု ပြောသည်။
နိုင်ကြီး(ကသာ)
No comments:
Post a Comment