Sunday, December 14, 2014
(၁၂) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုကို NLD ကန့်ကွက်
တိုင်းဒေသကြီး လွှတ်တော် အချို့မှ အတည်ပြု ထားသော (၁၂) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုအား NLD ပါတီမှ ကန့်ကွက်ကြောင်း ယင်းပါတီ CEC အဖွဲ့ဝင် များက ဒီဇင်ဘာလ (၁၄) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။(၁၂)ပွင့်ကို တင်လာရင် NLD က အသေအချာ ကန့်ကွက် တာပါ။ NLD က တောင်းနေတာ လေးပွင့် ပဲလေ။ ဒါ ခြောက်ပွင့်ဆိုင် ဆိုတာတောင် ဆွေးနွေးရေးက တောင်းနေတဲ့ ဦးစားပေး အနေနဲ့ ပြောတာ။ ကျွန်တော်တို့ ကြိုက်တာက လေးပွင့်ဆိုင်ပဲ ဟု ဦးဉာဏ်ဝင်းက ပြောသည်။ NLD ပါတီသည် ၂၀၁၃ ခုနှစ် ကတည်း က နိုင်ငံတော်သမ္မတ၊ သူရဦးရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆို ထားသည်။ နေပြည်တော်တွင် (၁၄) ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ သော်လည်း တစ်ဦးလျှင် ဆယ်မိနစ်သာ ပြောဆိုခွင့် ရခဲ့ပြီး ဝေဖန်မှု များလည်း ရှိခဲ့သည်။နိုဝင်ဘာလ (၂၅) ရက်နေ့က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် အတည်ပြုခဲ့ သည်။ ဒီဇင်ဘာလ (၁၀) ရက်နေ့ ကလည်း (၁၂) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် ကလည်း (၁၂)ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကို အတည်ပြုခဲ့သည်။ (၁၂) ပွင့်ဆိုင် တင်လာရင် ဘယ်ကို တင်လာ မှာလဲ၊ ပြည်ထောင်စု အဆင့်က ခြောက်ပွင့်ဆိုင် ဆိုတာ ဆုံးဖြတ်ပြီး သွားပြီ။ နိုင်ငံတော်သမ္မတ ကပဲ ပို့ဖို့ လိုမှာ။ တိုင်းအဆင့်ပဲ ရှိတာ ဘယ်လိုတင်မလဲ၊ ဘယ်ကို တင်မလဲ ဟု NLD ပါတီ၏ CEC အဖွဲ့ဝင် ဦးဝင်းမြင့် က ဆိုသည်။
လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခြင်းသည် လူအများ ပါဝင်သည်ကို မလိုလား၍ မဟုတ်ဘဲ ထိရောက်သည့် ဆွေးနွေးပွဲ ဖြစ်စေ လိုသောကြောင့်သာ ပြန်ပြီး ထိရောက်သာ ဆွေးနွေးပွဲ မဖြစ်ရန် လမ်းလွဲနေသည့် ခြေလှမ်း များကို လုံးဝ မထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ (၁၃) ရက်နေ့တွင် ပြောကြားခဲ့သည်။
messengernewsjournal

No comments:
Post a Comment