Wednesday, December 10, 2014

သာသနာ ညှိုးနွမ်းစေမှုဖြင့် V Grastro bar ပိုင်ရှင်အား အရေးယူ


 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ Ear Phone တပ်ဆင်ထားတဲ့ သဏ္ဍာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတာနဲ့ ပတ်သက်ပြီး သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူလိုက်ပြီလို့ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ပြောပါတယ်။အခုလို ဗုဒ္ဓရုပ်ပွားတော်နဲ့ ကြော်ငြာခဲ့တဲ့အတွက် V Grastro ရဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr. Philip တို့ကို ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်လိုက်ပြီလို့ ရဲစခန်းမှူးက ပြောပါတယ်။

ဗုဒ္ဓရုပ်ပွားပုံတော်ကို မလျော်ကန်စွာ သုံးစွဲ ဖော်ပြခဲ့ခြင်းဟာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူး လွန်ခြင်းဖြစ်တဲ့အတွက် အဲဒီဆိုင်အား ချိပ်ပိတ်သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ အသုံးပြုထားတဲ့ ကြော်ငြာပြန့်နှံ့ပြီးနောက် အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)က ပုဂ္ဂိုလ်တချို့ အဲ့ဒီဆိုင်ရှေ့ကို ညနေပိုင်းမှာ ရောက်ရှိလာခဲ့တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ညတွင်းချင်း ဖြေရှင်းပေးခဲ့ရပါတယ်

 

DVB 

No comments:

Post a Comment