
မောပန်းနွမ်းလျခြင်း၊ ခြေလက်တွေကိုက်ခဲခြင်း၊ အအေးလွန်ကဲစေခြင်းစတဲ့ သွေးလည်ပတ်မှုနဲ့ သက်ဆိုင်တဲ့ ရောဂါပြဿသ နာတွေ ကုသခြင်းအတွက် နေကြာစေ့ကို အကြံပြုထောက်ခံမှုပေးထားပါတယ်။
နေကြာစေ့တွေမှာ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝပြီး အထူးသဖြင့် ဗီတာမင် B1နဲ့ E ပေါကြွယ်ဝတယ်။ သွေးလည်ပတ်မှုတိုးတက်ကောင်းမွန်စေဖို့ အလွန်ကောင်းပြီး မျက်စိ၊ ဆံကေသာ၊ ကြွက်သားနဲ့ အရိုးတွေအတွက်လည်း အကျိုးဖြစ်စေပါတယ်။ အရေပြား ပွန်းပဲ့ယောင်ယမ်းနီမြန်းခြင်းကို ကာကွယ်နိုင်တဲ့ သတ္တိ၊ ကိုလက်ထရောပမာဏ လျော့ချနိုင်တဲ့သတ္တိရှိပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ သတ္တိတွေပါရှိတယ်။ နေကြာစေ့က အစွမ်းထက် သဘာဝဆေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ပါဝင်ပစ္စည်းများ
ရေ 500ml
အခွံနွာပြီးသာ နေကြာစေ့ (1) ခွက်
ပြုလုပ်ပုံပြုလုပ်နည်း
နေကြာစေ့ကို ပွတ်ပွတ်ဆူတဲ့ ရေနွေးထဲ ၂ နာရီကြာစိမ်ထားပါ။ စိမ်ထားတဲ့ ခွက်လေးကို ဖုံးထားဖို့ မမေ့ပါနဲ့။
၎င်းအရည်ကို မနက်တိုင်းတစ်ခွက်တစ်ခွက်သုံးပေးရပါမယ်။
Source: Naturalhealthcare
Trend Myanmar
No comments:
Post a Comment