Thursday, January 8, 2015

ဒေါက်မြင့်ဖိနပ်ဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်ပြတဲ့ အမျိုးသမီး



ခြေတစ်လှမ်း အမှားကြောင့် အသက်ဆုံးရှုံးသွားနိုင်ပေမယ့် သူမကတော့ (၃)လက်မမြင့်ဒေါက်ဖိနပ်စီးကာ ပေ (၁၀၀) ရှည်လျားတဲ့ ဝိုင်ယာကြိုးတစ်ချောင်းပေါ် မကြောင်မရွံ့ လျှောက်ခဲ့ပါတယ်။

အင်မတန်လှပတဲ့ ရှုခင်းအထက်စီးမှာ သူမလျှောက်နေစဉ် အသက် (၂၅) နှစ်ရှိတဲ့ Daredevil Faith Dickey ဆိုသူက သေးသွယ်တဲ့ ၄င်းဝိုင်ယာကြိုးလေးကို သတိကြီးစွာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စီမံကွပ်ကဲနေပါတယ်။ရင်သက်ရှုမောဖွယ် ယင်းဖြစ်ရပ်မှာ Czech Republic နိုင်ငံ Women’s Highline Meeting မှာ ဖြစ်ခဲ့တာပါ။

မြေပြင်မှ ပေ (၈၂၀) အမြင့်မှာ အမျိုးသမီးတစ်ဦးတည်း အလွတ်တမ်း တစ်ကိုယ်တော်လမ်းလျှောက်ခြင်းနဲ့ Utah ပြည်နယ်မှာ မီတာ (၅၅) ခရီးရှည် လမ်းလျှောက်ခြင်းတို့ အပါအဝင် ယခင် အမျိုးသမီးများ၏ အမြင့်ဆုံး မှတ်တမ်းစံချိန် အားလုံး ချိုးသွားပါတယ်။

ဒီဟာကို ကျွန်မ နှစ်သက်သဘောကျလို့ လုပ်တာဖြစ်တယ် သူမက ပြောဆိုခဲ့ပါတယ်။

Source: Xinhua
Trend Myanmar

No comments:

Post a Comment