
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ နံနက်ပိုင်းသတင်းမလွှင့်မီတွင် တေးသံရှင် အမွန်း၏ မင်းပေးတဲ့ အချစ်တေးစီးရီးမှ ဒီနေ့အမည်ရှိ တေးသီချင်းတစ်ပုဒ်ကို နေ့စဉ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတေးသီချင်းတွင် ‘‘ငြိမ်းချမ်းရေးနှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး ငြိမ်းချမ်းပါစေ’’ဟူသည့် အကြောင်းအရာများပါဝင်ခြင်းကြောင့် ၎င်း၏ သီချင်းကို ရွေးချယ်ခြင်းဖြစ်ကြောင်းနှင့် မွေးနေ့ဖြစ်သည့် ယနေ့တွင် စတင်ထုတ်လွှင့်သည့်အတွက် အလွန် ၀မ်းသာကြောင်း တေးသံရှင် အမွန်းကဆိုသည်။‘‘အစကတော့ ဒီသီချင်းကို တစ်ရက်လောက်ပဲ ဖွင့်ဖို့ ခွင့်တောင်းတယ် ထင်ထားတာ။ အခုတော့မြန်မာ့အသံရဲ့ Theme Songအနေနဲ့ ဖွင့်ပြဖို့ အရွေးခံရတဲ့အတွက်လည်း အရမ်းကြည်နူးနေပါတယ်’’ဟုတေးသံရှင် အမွန်းကပြောသည်။ တေးသံရှင် အမွန်းသည် လက်ရှိတွင် သင်္ကြန်သီချင်းခွေအတွက် တေးသီချင်းများရေးစပ်နေပြီး ဒုတိယတစ်ကိုယ်တော် တေးစီးရီးအတွက်လည်း ပြင်ဆင်နေကြောင်း သိရသည်။
7Day Daily
No comments:
Post a Comment