Monday, January 19, 2015

အမျိုးသားဘ၀ ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့တဲ့ ပထမဆုံး ဗြိတိန် စစ်သား


ဟန်နာဟာ ဗြိတိန် စစ်တပ်မှာ ပထမဆုံး လိင်ပြောင်းလဲခဲ့သူ အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ ဟန်နာဟာ အမျိုးသား ဘ၀ကနေ အမျိုးသမီး ဘ၀ကို ကူးပြောင်းခဲ့ တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်မှာ ဒီလိုမျိုး လိင်ပြောင်းလဲမှုတွေကို မကြာခဏ ကြားသိနေ ရပေမယ့် လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ စစ်သား တစ်ဦး အနေနဲ့ ဒီလို ပြုလုပ်ခဲ့တဲ့ အတွက် ထူးခြားတဲ့ သတင်း တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိ ဟန်နာဟာ တော်ဝင် တပ်မတော်မှာ စစ်အင်ဂျီနီယာ တာဝန်ရယူ ထားဆဲ ဖြစ်ပါတယ်။ သူဟာ အာဖဂန်နစ္စတန်ကို သွားရောက်ပြီး ဗြိတိန်ကို ပြန်ရောက် လာတဲ့ အခါမှာ လိင်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် တပ်မတော် မှာတော့ ဒီလိုမျိုး ဖြစ်ရပ်ဟာ ပထမဆုံး အကြိမ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။ဟန်နာက ကျွန်မဟာ အာဖဂန်နစ္စတန်မှာ တာဝန် ထမ်းဆောင်နေတဲ့ ကာလအတွင်း ဘ၀ရဲ့ နေထိုင်မှု ပုံစံကို အများကြီး လေ့လာ သင်ယူ ဖြစ်ခဲ့ ပါတယ်။ ကျွန်မ အနေနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ကို ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဒါကြောင့် ဗြိတိန်ကို ပြန်ရောက်တဲ့ အခါမှာ လိင် ပြောင်းလဲမှု တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဟန်နာဟာ လိင်ပြောင်းလဲမှု မပြုလုပ်ခင်မှာ ဆရာဝန်တွေဆီမှာ စုံစမ်းမေး မြန်းမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဟန်နာရဲ့ မိဘတွေ ကလည်း ကြည်ဖြူစွာ ခွင့်ပြုခဲ့ကြပါတယ်။ ဟန်နာ အနေနဲ့ ဒီလိုပြုလုပ်ခဲ့ ခြင်းကြောင့် စစ်တပ် ကနေ အနားယူ ရမှာကို စိုးရိမ်နေ ပါတယ်။ ဒါပေမဲ့ ဗြိတိန်မှာ ၂၀၀၉ ခုနှစ်က စတင်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး တန်းတူ အခွင့်အရေးနဲ့ အလုပ် လုပ်ခွင့်ပေးခဲ့ တာမို့ ဆက်လက် တာဝန် ထမ်းဆောင်ရမယ်လို့ မျှော်လင့်နေ ပါတယ်။

Messenger News Journal

No comments:

Post a Comment