Thursday, January 29, 2015

ဘယ်သွေးအုပ်စုဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အများဆုံးလဲ



အမေရိကန် သိပ္ပံပညာရှင်တွေက ဘယ်သွေးအုပ်စုမှာ နှလုံးရောဂါအဖြစ်လွယ်ဆုံးလဲဆိုတာ သိရှိနိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ သုတေသနတစ်ခုကနေတဆင့် ရလဒ်အဖြေတွေကို နောက်ဆုံးတော့ ထုတ်ဖော်လာနိုင်ခဲ့ပါတယ်။အဲဒီလေ့လာမှုမှာ အနောက်မြောက်အီရန်က လူအယောက် ၅၀,၀၀၀ ပါဝင်ပြီး သုတေသနလုပ်ငန်းမှာ ခုနစ်နှစ်ကြာမြင့်ခဲ့ပါတယ်။

သွေးအုပ်စု A၊ B၊ AB ပိုင်ဆိုင်တဲ့ လူတွေဟာ သွေးအမျိုးအစား ‘O’ ပိုင်ဆိုင်သူတွေထက် ကျန်းမာရေးချို့တဲ့မှုများကြောင့် သေဆုံးနိုင်ချေ ပျှမ်းမျှ ၉% ပိုများကြောင်း ဖော်ပြထားပါတယ်။

ပထမအဖွဲ့ထဲက စစ်တမ်းကောက်ယူမှုအတွက် ဖြေကြားသူတွေမှာ ‘O’ သွေးအုပ်စုတွေထက် နှလုံးရောဂါကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ် ပျှမ်းမျှ အားဖြင့် ၁၅% ပိုများပါတယ်။

အဲဒီအပြင် ‘O’ သွေးအုပ်စုနဲ့ နှိုင်းယှဉ်လိုက်ရင် A၊ B၊ (သို့) AB အုပ်စုမှာ ပါတဲ့သူတွေက အစာအိမ်ကင်ဆာကြောင့် သေဆုံးနိုင်ချေ ပျှမ်းမျှအားဖြင့် ၅၅% ပိုများတယ်။

ဒီရလဒ်အဖြေတွေဟာ အသက်အရွယ်၊ ဆေးလိပ်သောက်ခြင်း၊ ယောက်ျားမိန်းမ၊ လူမှုစီးပွားရေး အခြေအနေ သို့မဟုတ် လူမျိုးစတာတွေနဲ့ မသက်ဆိုင်ကြောင်း သိပ္ပံပညာရှင်တွေက အလေးနက်ပြောဆိုထားပါတယ်။

Ref: Naturalcareforu
Trend Myanmar

No comments:

Post a Comment