Tuesday, January 6, 2015

မြန်မာယူ-၂ဝ အသင်း ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် နယူးဇီလန် အသင်းနှင့် အကြိုခြေစမ်းမည်


ဖီဖာယူ ၂ဝ ကမ္ဘာ့ဖလား ဝင်ပြိုင်မည့် မြန်မာလူငယ် အသင်းသည် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် နယူးဇီလန် အသင်းနှင့် ပြိုင်ပွဲ အကြိုခြေစမ်းကစားမည် ဟု မြန် မာ့ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

”ပြိုင်ပွဲ မတိုင်ခင် နှစ်ပတ် သုံး ပတ်လောက် အလိုမှာ မြန်မာအသင်း နယူးဇီလန် ကိုသွားမှာပါ၊။ အဲဒီမှာ လေ့ကျင့်မှုတွေ လုပ်မယ်။ ခြေစမ်း ပွဲကစားမယ်။ ရာသီဥတု အတွေ့ အကြုံ ယူမယ်။ ဒီအတွက် သက် ဆိုင်ရာနိုင်ငံ ရဲ့ ဘောလုံး အဖွဲ့ချုပ်နဲ့ ညှိနှိုင်းသွားမှာပါ” ဟု ဘောလုံး အဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။အဆိုပါ ခြေစမ်းပွဲကို လာ မည့် ၂ဝ၁၅ မတ်လတွင် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း၊ ရက် အတိအကျ ကိုမူ သက်ဆိုင်ရာ နိုင်ငံ ရောက်ရှိမှသာ ထုတ်ပြန်ကြေ ညာ ပေးမည်ဖြစ်ကြောင်း၊ အတွေ့အကြုံ ကောင်း များရရှိရေး အတွက် ကမ်း လှမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နယူးဇီလန်နိုင်ငံ သို့ မသွားရောက်မီ ကာလတွင် လည်း နိုင်ငံတကာ ပြိုင်ပွဲ အတွေ့ အကြုံများ ရရှိရေးအတွက် ထိပ် တန်း အသင်းများနှင့် ခြေစမ်းပွဲ များ၊ ဖိတ်ခေါ် ဖလားပြိုင်ပွဲများ ကစား သွားမည်ဖြစ်သလို ဥရောပ နိုင်ငံ အချို့ကို သွားရောက်၍ Joint Training များပြုလုပ်ရန် စီစဉ် ထားပါကြောင်း ၄င်းကဆက် လက်ပြော သည်။

”လိုက်ပါ အားပေးမယ့် မြန်မာ အသင်း ပရိတ်သတ်တွေ အတွက် လည်း ဗီဇာ အဆင်ပြေနိုင်အောင် လည်း ကူညီပေးဖို့ တောင်းဆို ထားပါတယ်။ အသင်း အနေ နဲ့ လည်း အကောင်းဆုံး ယှဉ်ပြိုင် သွားဖို့ ရှိပါတယ်”ဟု ၄င်းက ဆက် ပြောသည်။

လက်ရှိတွင် မြန်မာယူ ၂ဝ အသင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အင်ဒိုနီရှား ဖိတ်ခေါ် ပြိုင်ပွဲအား သွားရောက် ယှဉ်ပြိုင် ရန်ရှိသည့် အပြင် ကာတာနိုင်ငံနှင့် ဂျာမနီနိုင် ငံ တို့တွင်လည်း လေ့ကျင့် မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း၊ အလားတူ တူရကီ ဖိတ်ခေါ်ပြိုင်ပွဲ ကိုလည်း သွားရောက်ရန် ရှိနေ ကြောင်း ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

အောင်ဇော်
Popular Myanmar News Journal

No comments:

Post a Comment