Thursday, January 29, 2015
မုဒုံတွင် အေဒီ ၁၃ရာစုခန့်က ဂဝံ ဗုဒ္ဓဆင်းတုတော်များတွေ့ရှိ
မွန်ပြည်နယ် မုဒုံမြို့နယ် ဇယား မြို့ဟောင်း၌ အေဒီ ၁၃မှ ၁၈ရာစု အတွင်းက ဂဝံဖြင့်ပြုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်သုံးဆူနှင့် ကိုလိုနီ ခေတ်၊ ကုန်းဘောင်ခေတ်နှောင်း ဗုဒ္ဓ ဆင်းတုတော်များတွေ့ရှိထားပြီး က မာဝတ်ကျေးရွာသူရွာသားများက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။အဆိုပါရုပ်ပွားတော်များသည် မိုးဒဏ်လေဒဏ်များကြောင့် ပျက်စီး နိုင်သဖြင့် မိုးလေလုံသောအဆောက် အအုံအတွင်းထားရှိရန် ဆောင်ရွက် သွားမည်ဖြစ်သည်။
''မွန်ပြည်နယ် မုဒုံမြို့နယ် ကမာ ဝတ်ကျေးရွာ ဇယားမြို့ဟောင်းမှာကွင်း ဆင်းလေ့လာတဲ့အခါ ဂဝံဘုရားတွေ တွေ့တယ်။ မုတ္တမမြို့ဟောင်းခေတ် က မွန်လက်ရာ ဂဝံဆင်းတုတွေဖြစ် ပြီး မုတ္တမမြို့တည်တာ ၁၃ ရာစုက ဆိုတော့ ၁၃ရာစုကနေ ၁၈ ရာစုကြား ထဲကလက်ရာလို့ ခန့်မှန်းလို့ရပါတယ်။
ရုပ်ပွားတော်တွေက ဘုရားပရိဝုဏ် မှာရှိနေပြီး မိုးရေထဲမှာ ဒီအတိုင်းပဲ။ အမိုးအကာတွေနဲ့ ထိန်းသိမ်းရမယ်။ အလှူရှင်တွေလိုအပ်ပါတယ်''ဟု မွန် သမိုင်းသုတေသနပညာရှင် ဦးစံဝင်း (သုဝဏ္ဏဘူမိ)က ပြောသည်။ ယင်းရုပ် ပွားတော်များကို ဂဝံဖြင့်ပုံဖော်ထုဆစ် ထားပြီး ဂဝံဆင်းတုအပြင် တခြားရုပ်ပွား တော်များလည်းရှိကြောင်း သိရသည်။
''ဂဝံဆင်းတုတော်တွေက စုစု ပေါင်း သုံးဆူတွေ့တယ်။ တခြားကိုလို နီခေတ်လက်ရာ၊ ကုန်းဘောင်ခေတ် နှောင်းလက်ရာဆင်းတုတော်တွေကို လဲတွေ့ရတယ်။ တခြားဂဝံဆင်းတု တော် တွကိုလဲ ကျေးရွာထဲမှာ တွေ့ ရတယ်''ဟု ယင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ ယဉ်ကျေးမှုအမွေ အနှစ်များစွာရှိပြီး မွန်ပြည်နယ်တွင် လည်း မြို့ဟောင်းများစွာရှိကာ ရှေး ဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်း များတွေ့ရှိနေရပြီး နိုင်ငံတော်မှထိန်း သိမ်းစောင့်ရှောက်ပေးရန်နှင့် ဒေသ ခံပြည်သူများကလည်း တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ် ကြောင်း သိရသည်။
TheYangonTimes

No comments:
Post a Comment