Saturday, January 31, 2015

Bobby Soxer ရဲ့ အိမ်ထောင်ရှင်စိတ်ကူး


မိုနိုခေတ်ပုံစံဖန်တီးထား သည့် အိမ်ထောင်ရှင်စိတ်ကူးသီ ချင်းတွင် မယ်လိုဒီပိုင်းကို သီဆို ထားကြောင်း Bobby Soxerက ပြောသည်။

‘‘ကိုလွှမ်းပိုင်ရေးပေးထား တဲ့ အိမ်ထောင်ရှင်စိတ်ကူးဆိုတဲ့ သီချင်းလေးက မိုနိုခေတ်တုန်းက သီချင်းပုံစံလေးပါ။ ညီမက မယ် လိုဒီဆိုရတာဆိုတော့ အခက်အခဲ ရှိပေမယ့် ကိုလွှမ်းပိုင်က ညီမနဲ့ လိုက်တယ်ဆိုပြီး အစအဆုံးလုပ် ပေးထားတဲ့ သီချင်းလေးပါ’’ဟု ၎င်းကပြောသည်။သီချင်းဖန်တီးပေးထား သည့် လွှမ်းပိုင်ကလည်း ထက် ထက်၏ အခွေထဲတွင် အဆိုပါသီ ချင်းကို အကြိုက်ဆုံးဖြစ်ပြီး ပရိ သတ်များလည်း နားထောင်ပြီး လျှင်ကြိုက်မည်ဟု ထင်ကြောင်း ပြောသည်။ အသက်(၂၁)နှစ်တွင် ပထမဆုံးတစ်ကိုယ်တော်ခွေ ထွက်ရှိခြင်းကြောင့် သီချင်းခွေအ မည်ကို ၂၁ဟုအမည်ပေးထား ကြောင်း Bobby Soxerကပြော သည်။ အဆိုပါခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး သီချင်းများ ကို ပရိသတ်များ next ခလုတ်မနှိပ် ဘဲနားထောင်စေရန် အတတ်နိုင် ဆုံးကြိုးစားထားကြောင်း Bobby Soxerကပြောသည်။

‘‘သီချင်းတွေအကုန်လုံးကို လည်းအားရတယ်။ သီချင်းပုံစံ တွေကလည်း အမြူးတွေဆိုရင်ပုံ မှန်သီချင်း Arragementမျိုးမ ဟုတ်တဲ့ဟာတွေကို အတီးသမား တွေနဲ့ သေချာတိုင်ပင်ပြီး လုပ် ထားတယ်။ အချစ်သီချင်းတွေဆို ရင်လည်း ကြည်ကြည်နူးနူးလေး တွေရော၊ အလွမ်းအဆွေးတွေ ရောအဲဒီလိုလုပ်ထားတယ်။ သီ ချင်း ၁၂ပုဒ်လုံးဆက်တိုက်နား ထောင်ရမှာဆိုတော့ တစ်ပုဒ်နဲ့ တစ်ပုဒ်ကြားထဲမှာ သီချင်းကာ လာကွဲအောင် မအီအောင်ကြိုး စားပြီးလုပ်ထားပါတယ်’’ဟု Bobby Soxerကပြောသည်။

ယင်းအခွေတွင် ၎င်းကိုယ် တိုင်ရေးစပ်ထားသည့် သီချင်းရှစ် ပုဒ်ပါဝင်မည်ဖြစ်ပြီးလွန်ခဲ့သည့် ခြောက်နှစ်ခန့်က သိန်းလင်းစိုးနှင့် အတူ ဖန်တီးထားသည့်သီချင်း တစ်ပုဒ်ကိုလည်း ထည့်ပေးထား သည်ဟု ဆိုသည်။

‘‘ဒီအခွေထဲမှာ မှတ်မှတ်ရရ သီချင်းအနေနဲ့ကတော့ ကိုသိန်း လင်းစိုးရေးပေးထားတဲ့ အနာဂတ် ဆိုတဲ့သီချင်းလေးပါ။ အဲဒီသီချင်း လေးက ညီမဆယ်တန်းနှစ်က တည်းက ရေးထားတဲ့သီချင်းလေး ပါ။ အဲဒီသီချင်းလေးကို ကြိုက်လို့ အရင်ကပုံစံတွေကို တစခုမှ ပြန် မပြင်ဘဲထည့်ထားတယ်’’ဟု ၎င်း ကပြောသည်။

ယင်းအခွေကို ဖေဖော်ဝါရီ ၈ရက်တွင် စတင်ဖြန့်ချိပေးမည် ဖြစ်ပြီး ယင်းနေ့ ညနေ၌ ဒဂုံစင် တာ၂တွင် အခွေပရိုမိုးရှင်းပွဲကို ပြု လုပ်မည်ဖြစ်သည်။ ထို့အပြင် မန္တ လေးမြို့တွင်လည်းဖေဖော်ဝါရီ၉ ရက်ညနေ၌ မနော်ရမံ္မကစား ကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ပရိ သတ်များအတွက် ချစ်သူများနေ့ ဖျော်ဖြေပွဲလက်မှတ်အပါအ၀င် အခြားကံစမ်းမဲများလည်းပါဝင် ကြောင်း Bobby Soxerကပြော သည်။

7Day Daily

No comments:

Post a Comment