‘‘ဒီကိစ္စအတွက်လာတာမ ဟုတ်တဲ့အတွက် အဓိကပြောဆို သွားမှာမဟုတ်ပေမယ့် ဒီကိစ္စက ကြီးကျယ်တဲ့အတွက် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အစိုးရရဲ့ စွပ်စွဲချက်တွေကိုပြော ဆိုသွားဖို့ရှိပါတယ်’’ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။
အဆိုပါ စွပ်စွဲချက်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက် တစ်ခုသာဖြစ်ကြောင်း၊အဆိုပါ ဒေသတွင် ၎င်းတို့တပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့များလည်းရှိ ကြောင်း၊ အစိုးရတွေ့ရှိခဲ့သော အက်စ်သုံးလုံးအမှတ်တံဆိပ် သည် ဟိုမိန်းဌာနေပြည်သူ့စစ်များ ၏ တံဆိပ်သာဖြစ်ကြောင်း အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။
‘‘အဲဒီတံဆိပ်က ကျွန်တော်တို့အဖွဲ့ရဲ့ တံဆိပ်မဟုတ်ပါဘူး။ ပတ်သက်မှုလည်းမရှိဘူး။ ဒီမှာကပြည်သူ့စစ်တွေရှိနေတော့ တခြားအဖွဲ့တွေလည်း ဖြစ်နိုင်ပါတယ်’’ဟု ဗိုလ်မှူးကြီးစိုင်းလှကပြောသည်။
သစ်တောဝန်ထမ်းလေးဦး ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက် ၍ တပ်မတော်က နယ်မြေရှင်း လင်းရေးပြုလုပ်ခဲ့ပြီး နယ်မြေရှင်း လင်းနေစဉ်အတွင်း RCSS/SSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိ ခိုက်သေဆုံးမှုများလည်းဖြစ်ပေါ် ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာထား သည်။
ပြည်နယ်အစိုးရအဖွဲ့၏ သ တင်းပေးချက်အရ လင်းခေးမြို့ နယ်ဝမ်စလောင်းဒေသတွင် သစ် ခိုးထုတ်မှုများကို ဒီဇင်ဘာ ၂၆ ရက်၌ သွားရောက်ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၇ရက်တွင် ဖမ်းဆီးရမိ သည့်သစ်များကို ၀မ်စလောင်း ကျေးရွာသို့ သယ်ဆောင်ရန် စီစဉ် ပြီးအပြန်တွင် ၀မ်စလောင်းကျေး ရွာနှင့် နားကုန်းကျေးရွာအကြား ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သူ ငါးဦးက ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ပြန်ကြားရေးဝန်ကြီး၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားသည်။
အခင်းဖြစ်ပွားရာသို့ နယ်မြေ ခံတပ်မတော်စစ်ကြောင်းဖြင့် သွားရောက်ရှင်းလင်းရာတွင် သစ် တောဝန်ထမ်းလေးဦးမှာ သေနတ် ဒဏ်ရာများဖြင့်နေရာ သေဆုံးနေပြီး ကျူးလွန်ခဲ့သူများမှာ RCSS/SSAအဖွဲ့ဖြစ်ကြောင်းအတည်ပြုဆဲဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

7Day Daily
No comments:
Post a Comment