
ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ယင်းဝက်တုပ်ကွေး ရောဂါကြောင့် ဂူဂျာရတ်ပြည်နယ်တွင် သေဆုံးသူ ၁၃၆ ဦး ရှိပြီး ရောဂါဖြစ်ပွား ကူးစက်နေသူ ၁၅၂၂ ဦး ရှိကြောင်း အစိုးရက ထုတ်ပြန်ပြီး ပြည်နယ်အုပ်ချုပ်ရေး အရာရှိများက အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရသည်။နိုင်ငံအနှံ့ အပြားတွင် ယင်းရောဂါဖြစ်ပွားသူပေါင်းသည် ၆၂၉၈ ဦးအထိ မြင့်တက်ရောက်ရှိနေကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်း ဝက်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ တိုးမြင့်နေခြင်းကြောင့် အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွက် ပထမဆုံး တုပ်ကွေး ရောဂါဆိုင်ရာ အစည်းအဝေး ခေါ်ယူခဲ့ရသည်။ ထိတ်လန့် ခြောက်ခြားစရာအကြောင်း မရှိကြောင်း၊ ဆေးဝါးပစ္စည်း လုံလုံလောက်လောက်ပင်ရှိကြောင်း ကျန်းမာရေးအတွင်းဝန် အေအေပန်ဒါက ပြောသည်။
ဆောင်းတွင်းကာလများတွင် ယင်းတုပ်ကွေး ရောဂါများ ဖြစ်မြဲဓမ္မတာပင်ဖြစ်ကြောင်း၊ လာမည့်သီတင်းပတ်များတွင် သေဆုံးသူဦးရေ ကျဆင်းသွားမည် မျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။
“ဒီနှစ်မှာ ရောဂါကျရောက်ပြီး သေဆုံးမှုတွေဖြစ်လာရတယ်။ ရောဂါအခြေအနေက ရာသီဥတုအပူချိန်နဲ့ ပြောင်းပြန်အချိုးကျတယ်။ အပူချိန်မြင့်တယ်ဆိုရင် ရောဂါဖြစ်ပွားမှု ကျဆင်းမယ်သာဖြစ်တယ်။ ဒီလိုအချိုးကျဖြစ်ပျက်တာက ရှင်းပြလို့မရတဲ့ ဖြစ်ပျက်သဘာဝ တစ်ခုပါပဲ။”ဟု ပန်ဒါက ပြောသည်။
၂၀၁၄ခုနှစ်အတွင်းက ဝက်တုပ်ကွေးဖြစ်ပွားသူဦးရေသည် ၉၃၇ ဦးရှိခဲ့ပြီး သေဆုံးသူဦးရေ ၂၁၈ ဦး ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်းက ၅၂၅၃ ဦးရှိကာ သေဆုံးသူ ၆၉၉ ဦး ရှိသည်။ ၂၀၁၂ တွင်မူ ဖြစ်ပွားသူ ၅၀၄၄ တွင် ၄၀၅ ဦး သေဆုံးခဲ့သည်။
ယခု ဝက်တုပ်ကွေး ဖြစ်ပွားမူတွင် ရောဂါကူးစက်ခံထားရသူ ကျောင်းသူတစ်ဦး ဆေးရုံအသွားလမ်းပေါ်တွင် သေဆုံးခဲ့ပြီးနောက် အလီဂတ်မွတ်စလင် တက္ကသိုလ် အမျိုးသမီး ကောလိပ်ကျောင်းကို ငါးရက်ကြာ ပိတ်ထားခဲ့သည်။
ရောဂါဖြစ်ပွားမှု သတင်းများ ရရှိရေးအတွက် ကူညီပေးရေး ဖုန်းလိုင်း တစ်လိုင်းကိုလည်း အစိုးရက ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
REF : PRESS TV
mizzimaburmese.com
No comments:
Post a Comment