
ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ်ဖလားနှင့် ဖီဖာကမ္ဘာ့ကလပ် ဖလားတို့ကို ရရှိထားသည့် ရီးယဲလ်အသင်းနှင့် ၂၀၁၂-၁၃ ရာသီက ချန်ပီယံလိဂ်တွင် ဗိုလ်စွဲထားသော ဘိုင်ယန်မြူးနစ် အသင်းတို့သည် ယခုနှစ်ပြိုင်ပွဲတွင် ခြေစွမ်းပြလျက်ရှိသည့်အတွက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည့် အသင်းများအဖြစ် ရေပန်းစားနေခြင်း ဖြစ်သည်။ သို့သော် မော်ရင်ဟိုက ယခုအဆင့်တွင် ကျန်ရှိနေသော ၁၆ သင်းစလုံးသည် ပြိုင်ပွဲမှ ထွက်ခွာသွားရနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။'ဘယ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်ဆိုတာမျိုး ပြောဆိုတာကို ကျွန်တော်လက်မခံနိုင်ပါဘူး။ ချန်ပီယံလိဂ် ပြိုင်ပွဲဆိုတာ အမြဲတမ်းအံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတာပါ။ ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလမှာ ဗိုလ်စွဲခဲ့တဲ့အသင်းတွေကို ကြည့်လိုက်ပါ။ ထင်မှတ်ထားတဲ့ အသင်းတွေဗိုလ်စွဲခဲ့တာရှိသလို မထင်မှတ်ထားတဲ့အသင်းတွေ ချန်ပီယံဖြစ်ခဲ့တဲ့ နှစ်တွေလည်း ရှိပါတယ်။ အခွင့်အရေးက ၅၀-၅၀ ပါပဲ။ အချို့လူတွေကတော့ အသင်းသုံးသင်း၊ လေးသင်းလောက်ကို ချန်ပီယံဖြစ်နိုင်မယ့် စာရင်းထဲ မထည့်ထားကြပါဘူး။
ရှုံးထွက်အဆင့်ကိုရောက်လာတဲ့အချိန်မှာ ဘယ်အသင်းတွေက ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သူတွေလည်းဆိုတာ ကျွန်တော်တော့ မသိပါဘူး။ ကျွန်တော့်အတွက်တော့ အသင်း ၁၆ သင်းစလုံးက ချန်ပီယံလောင်းတွေပါပဲ' ဟု မော်ရင်ဟိုက ပြောသည်။
ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း
Mizzima
No comments:
Post a Comment