
မျှော်လင့်ချက် မရှိတဲ့ အချစ်စိတ်ကူးယဉ်သမား Joseph Andrew DeRusse ဟာ အရင်ချစ်သူ ရည်းစားဟောင်းကို သေနတ်နဲ့ တေ့ချိန်ပြီး ပြန်ပြေးဆွဲကာ ဟိုတယ်တစ်ခုကို သုံးပတ်ကြာခေါ်ထားပြီး လက်ထပ်ခွင့် တောင်းဆိုဖို့ရန်အတွက် ကြီးမားသော အကြံအစည် တစ်ခု ရှိခဲ့သူဖြစ်တယ်။ နောက်ပြီး သူတို့နှစ်ဦးဟာ အချိန် (၂)လခန့်သာ သမီးရည်းစားအဖြစ် ချိန်းတွေ့ဖူးသူတွေဖြစ်ပါတယ်။လက်ထိပ်ခတ်ပြီး မျက်နှာအဝတ်စည်းမပေးခင် အမည်မဖော်လိုတဲ့ သူ့ရည်းစားဟောင်းကို အမိဖမ်းဖို့ လုပ်တဲ့အချိန်မှာ DeRusse က BB သေနတ်အစစ်တစ်လက်ကို အသုံးပြုခဲ့ပါတယ်။ မိုင်ပေါင်း (၄၀၀) ဝေးကွာတဲ့ အိပ်ခန်းတစ်နေရာသို့ ကားနဲ့ မောင်းခေါ်နေစဉ် သူ့စိတ်ဆန္ဒအလျောက်လိုက်ပါပြီး အိပ်ပျော်နေတဲ့ ခရီးသည်တစ်ယောက်လိုဖြစ်အောင် ကားပေါ် အိပ်တဲ့အခါမျိုးမှာ သုံးတဲ့ မျက်နှာဖုံးနဲ့ ခေါင်းအုံးတွေကို အသုံးပြုခဲ့တယ်။ သူ့အကြံအစည်က ဟိုတယ်မှာ(၃) ပတ် ထိန်းသိမ်းထားပြီး လက်ထပ်ခွင့်တောင်းဖို့ဖြစ်ပါတယ်။ ဘယ်လိုမှ ငြင်းပယ်မရအောင် အပိုင်ချုပ်ထားလိုက်မယ် ဆိုပြီးတော့ပေါ့။
တကယ်ထိတ်လန့်စရာ ကောင်းတာတော့ အမှန်ပဲ။ ကံကောင်းထောက်မစွာနဲ့ ယင်းအမျိုးသမီးရဲ့ မိသားစုတွေက သူမပျောက်ဆုံးတဲ့သတင်းကို ဖော်ပြခဲ့ပြီး အာဏာပိုင်တွေက သူမဖုန်းထဲရှိ GPS စနစ်ကနေတဆင့် သူမကို ခြေရာခံ လိုက်ရှာခဲ့ပါတယ်။ နောက်ဆုံးတော့ ရဲအရာရှိတစ်ဦးက DeRusse ကို လမ်းဘေးရပ်ဖို့ ထွက်တားလိုက်ပါတော့တယ်။ DeRusse အနေနဲ့ သူ စေ့စပ် ကမ်းလှမ်းမှု တစ်ခုလုပ်နေတာဖြစ်ကြောင်း ရဲအရပ်ရှိကို ပြောပြခဲ့ပေမယ့် သူမပြန်ပြေးဆွဲခံခဲ့တာဖြစ်ကြောင်း သူမက ဖြစ်စဉ်အားလုံးကို ရှင်းပြခဲ့ပါတယ်။ DeRusse မှာတော့ စွဲချက်တင်ခံနေရပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ် ကျခံရမှာဖြစ်ပါတယ်။
Ref: Cosmopolitan
Trend Myanmar
No comments:
Post a Comment