
အင်တာဗျူးတွေမှာ မေးသမျှမေးခွန်းတိုင်းကို အမြဲတမ်းလိုလို တိတိကျကျဖြေပေးလေ့ရှိတဲ့ Victoria Justice က ဒီတစ်ခါမှာလည်း အသဲကွဲနေတဲ့ ပျိုမေတွေအတွက် အကြံဥာဏ်ကောင်းတွေကို မေးကြည့်လိုက်တော့ ခုလို ဖြေကြားပေးသွား ပြန်ပါတယ်။ "ကိုယ့်ကိုယ်ကိုယ် အနားမပေးပဲ အလုပ်တွေအမြဲရှုပ်နေပါစေ။ ပျော်စရာကောင်းတဲ့အရာတွေ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေ လုပ်နေလိုက်ပါ။ ပြီးတော့ ကိုယ်လက်လေ့ကျင့်ခန်း၊ ဒါမှမဟုတ် အားကစား တစ်ခုခုလုပ်ပါ။ ဒါအရမ်းကိုအရေးကြီးပါတယ်။ တစ်ယောက်ယောက်နဲ့ ပြတ်ပြီဆိုရင် စိတ်မလေပါစေနဲ့။ ဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကို ကြည့်ကောင်းနေအောင်နဲ့ စိတ်သက်သာရရအောင်သာ အကောင်းဆုံး နေထိုင်လိုက်ပါ။နောက်ပြီး ကျွန်မထင်တာကတော့ ပြီးခဲ့တဲ့အတိတ်ကို ပြန်ပြီး တသသဖြစ်မနေဖို့လဲ လိုပါသေးတယ်။ ဒါတော်တော်လေးကို အရေးကြီးတဲ့အချက်ပါ။ သူ့ရဲ့ instagram အကောင့်ကိုလည်း သွားမကြည့်ပါနဲ့လို့ သတိပေးပါရစေ။" လို့ သူမက ပျိုမေတွေ အတွက် အကြံဥာဏ်ပေးသွားပါတယ်။
Ref:cosmopolitan.com
မေသော်
Trend Myanmar
No comments:
Post a Comment