
အစိုးရက လုပ်ဆောင်ပေးသည့် အဆိုပါ ဖုန်းအက် ပရီကေးရှင်းကို ယခုနှစ်တွင်း အသုံးပြုနိုင် မည်ဟု ပညာရေး ဝန်ကြီးဌာန ကမျှော်လင့် ထားသည်။ ဖုန်းအက် ပရီကေးရှင်းက သားသမီးကလေးများက လူမှုမီဒီယာသုံးရာတွင်သေကြောင်းကြံစည်မှုအရိပ်နမိတ်စကားလုံးများ သို့မဟုတ် ဖုန်းပေါ်တွင်အင်တာနက် သုံးရာမှ ယင်းသို့သော ကိုယ်ကို ကိုသေကြောင်းကြံမှုနှင့် ပတ်သက်သည့် အမှတ်အသားလုပ်ဆောင်မှုများကို ထောက်လှမ်းသိရှိစေမည့် အက်ပရီကေး ရှင်းဖြစ်သည်။သေကြောင်း ကြံစည် မှုနမိတ် လက္ခဏာများ ကိုထောက် လှမ်းတွေ့ပါက မိဘဖြစ် သူများ၏ ဖုန်းတွင်းသို့ အရေးကြီး သတင်း မတ်ဆေ့ခ်ျပေး ပို့နိုင်ခြင်းကို လုပ်ဆောင်နိုင် သည့်အက်ပရီကေး ရှင်းဖြစ်သည်။
"ကျောင်းသားတွေကိုယ်ကိုကို သတ်သေမှုက လူမှုပြဿနာကြီးဖြစ်လာနေပါပြီ။ ဒါကိုတားဆီးနိုင်ဖို့က စနစ်တကျနဲ့ ပူးပေါင်းဆောင်ရွက်သွား ရမှာဖြစ် တယ်။" ဟု ပညာရေးဝန်ကြီး ဌာနထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။
တောင်ကိုရီးယားနိုင်ငံသည် ကိုယ်ကို ကိုသေကြောင်းကြံ စည်မှုတွင် စီးပွားရေး ပူးပေါင်းခြင်းနှင့် ဖွံ့ဖြိုးရေ အဖွဲ့ အစည်းဝင်နိုင်ငံ ၃၄နိုင်ငံတွင် အမြင့်ဆုံးနိုင်ငံ တွင် ပါဝင်သည့် နိုင်ငံဖြစ်သည်။
ကျောင်းသားများကိုယ်ကိုကို အဆုံးစီရင်မှု သည်ပြဿနာ တစ်ရပ်ဖြစ်သည်။ အမျိုးသား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ယှဉ်ပြိုင်မှု များပြင်းထန်လွန်း ၍နှစ်စဉ် ယင်းစာမေးပွဲကာလတွင် ယင်းပြဿနာများ အများဆုံးဖြစ်ပွားသည်။ ၂၀၀၉ခုနှစ်နှင့် ၂၀၁၄ခုနှစ်ကြား ကိုယ်ဘဝကိုအဆုံးစီရင် သည့်ကျောင်းသားပေါင်း ၈၇၈ ဦးရှိပြီး ပြီးခဲ့သည့် တစ်နှစ်တည်းတွင် ၁၁၈ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနအချက်အလက်များအရသိရသည်။
Ref: AFP
Mizzima
No comments:
Post a Comment