
တောင်ကိုရီး ယားစစ်တပ်၏ ပြောကြားချက်အရ အကွာအဝေး ၄၉၀ ကီလိုမီတာ(၃၀၅ မိုင်) အထိပစ်နိုင်သည့် ဒုံးကျည်နှစ်စင်းကို အနောက်ပိုင်းမြို့ တစ်မြို့ဖြစ် သည့် နမ်ပိုမှ ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင် အတွင်းသို့ ပစ်ခတ် ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။သောင်းနှင့်ချီသည့် တပ်သားများ ပါဝင်သရုပ်ပြသည့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ ကျင့်မှုများမှာ အမြဲတမ်းလိုလို ပြုံယမ်း ကိုဒေါသူ ပုန်ထစေပြီး၊ ပြုံယမ်း ဘက်မှလည်း ဒုံးကျည် စမ်းသပ်မှုများ၊ အသံကျယ်ကျယ် ကန့်ကွက်ခြင်းများ ဖြင့် မနှစ်မြို့မှု ကိုဖော်ပြလေ့ ရှိသည်။
ဆိုးနှင့်တောင်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုများကို ကာကွယ်ဖို့ သက်သက်သာ ဟုပြောနေချိန်တွင် ပြုံယမ်းကမူကျူးကျော်ရန် အစမ်းလေ့ကျင့်မှု တစ်ခုဟု သာသဘော ထားသည်။
ကွန်ပျူတာသရုပ်ဖော် စစ်ရေးလေ့ကျင့်မှုKey Resolve မှာ12ရက်ကြာမြင့်ပြီး မြေပြင်၊ဝေဟင်၊ရေပြင်စုံလင်သည့် Foal Eagleမှာမူ ရက်သတ္တရှစ်ပတ် ကြာမြင့် သည်။တနင်္လာနေ့ အစောပိုင်းက ပစ်လွှတ်ခဲ့သည့် ဒုံးကျည် များမှာ Scud Cs (သို့မဟုတ်) Scud Ds ဒုံးကျည် များဖြစ်နိုင် ဖွယ်ရာ ရှိသည် ဟုတောင်ကိုရီးယား ပူးတွဲစစ် ဦးစီးချုပ် ကကြေညာ ချက်တစ်ခု တွင်ပြောကြား ခဲ့သည်။
တောင်ကိုရီးယား စစ်တပ် မှာနောက်ထပ် မည်သည့် ပစ်လွှတ် မှုကိုမ ဆိုနိုးကြား သတိဖြင့်စောင့်ကြည့် လျက်ရှိ သည်ဟု လည်းကြေ ညာချက် တွင်ဖော်ပြထား သည်။
Mizzima
No comments:
Post a Comment