
ပြည်နယ်ဝန်ကြီး အဇမ်ခန်းကို ဝေဖန်သည့် အသက် ၁၉ နှစ်အရွယ် ဂူရတ်ခန်းဆိုသည့် ကျောင်းသားအား ရဲက ဖမ်းဆီးပြီ တရားရုံးအမိန့်အရ ရမ္မန်ကြီးဖြင့် ထောင် ၁၄ ရက် ချမှတ်လိုက်သည်။ဂူရတ်ခန်း၏ အရေးအသားသည် လက်မခံနိုင်ဖြစ်၍ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရဲကပြောသည်။
ယင်းသို့ဖမ်းဆီးမှုကြောင့် အိန္ဒိယနိုင်ငံတွင်း စိတ်ဆိုးဒေါသထွက်ကြပြီး လူမှုမီဒီယာများတွင် ဒေါသဖြင့် တုံ့ပြန်ရေးသားကြသည်။
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဖေ့ဘုတ်နှင့် တွစ်တာတို့တွင် တင်သည့် ပို့စ်များကို ဖိနှိပ်အရေးယူများကြောင့် အာဏာပိုင်များအပေါ် ဝေဖန်မှုများရှိနေသည်။ ယင်းသို့ဖမ်းဆီးမှုများသည် လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးချိုးဖောက်ခြင်းပင်ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
ဂူရတ်ခန်းကို အိန္ဒိယနိုင်ငံ သတင်းနှင့် နည်းပညာဥပဒေ ပုဒ်မ ၆၆ က အရ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း ရဲဌာနအကြီးအကဲက ဘီဘီစီသို့ပြောသည်။
REF : BBC
Mizzima
No comments:
Post a Comment