
ချစ်သူစုံတွဲ ဆက်ဆံရေးနဲ့ ပတ်သက်လာရင် မဖြစ်မနေ အပြန်အလှန် ပြောဆိုရမယ့် စကားတချို့ရှိပါတယ်။ နောက်ပြီး အရေးကြီး အချက်ကြောင့် ဆက်ဆံရေးတစ်ခုကို နောက်တစ်မျိုးသို့ ပြောင်းလဲ သွားစေတာတွေလည်း ရှိပါတယ်။ ဘယ်နှစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ဖူးလဲ ဆိုတာတွေဟာ နောက်ပိုင်းကျမှ ပြောဆိုဆွေးနွေးရမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။တချို့ကလည်း ဒါကို သိချင်ကြတယ်။ တချို့ကလည်း မသိချင်ကြပါဘူး။ ဒီတော့ အဲဒီအကြိမ်အရေအတွက်ကို အချင်းချင်း ဖွင့်ပြောချင်တယ်၊ တစ်ယောက်နဲ့တစ်ယောက်ထံကနေ ကြားချင်တယ် မကြားချင်ဘူးဆိုတာပေါ် မူတည်ပြီး ဆုံးဖြတ်ဖို့ မိမိနဲ့ မိမိလက်တွဲဖော်အပေါ်သာ မူတည်ပါတယ်။
Elite Daily ကတော့ စုံတွဲတစ်စုကို သူတို့ ဘယ်နှစ်ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ဖူးကြောင်း ဖွင့်ပြောဖို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ တချို့က မဆိုင်းမတွ ဖွင့်ပြောခဲ့ကြာရှိသလို့ တချို့သူတွေကလည်း ပြောထွက်ဖို့ စဉ်းစားခဲ့ကြပါတယ်။ တကယ်တော့ ဒီလို ဖွင့်ပြောကြတာ ချစ်သူတွဲတွေကြား အဆင်မပြေမှုတွေ မြန်ဆန်စွာ ဖြစ်ပေါ်စေနိုင်တယ် ဆိုတာကတော့ အသေအချာပါပဲ။
Ref: firsttoknow
Trend Myanmar
No comments:
Post a Comment