သို့သော် ဥပဒေ မပြဋ္ဌာန်း မီက လင်နှင့် မယားတစ်ယောက် ထက်ပို၍ တရားဝင်ထိမ်းမြားပြီး သည့်သူများသည် ဥပဒေအာဏာ တည်သည့်နေ့မှစ၍ အခြားသူတစ် ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ ဟုသာ ပြဋ္ဌာန်းထားသည့်အတွက် မူလက တရားဝင်ထိမ်းမြားပြီးသူ များနှင့် အကျုံးဝင်ခြင်းမရှိကြောင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပြ ဋ္ဌာန်းရသည့် ရည်ရွယ်ချက်မှာ တစ် လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဖြင့် အမျိုးသမီးများ မယားပြိုင်အ ဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန် နှင့် အမျိုးသားများက မယားတစ် ဦးထက်ပို၍ ယူခြင်းကြောင့် ဖြစ် ပွားနိုင်သည့် အိမ်ထောင်ရေးပြ ဿနာနှင့် အိမ်ထောင်ရေးမှုခင်း များကို တားဆီးနိုင်ရန်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြောကြားသည်။
ထို့ပြင် ထိမ်းမြားမှုကို ချန်၍ ထပ်မံထိမ်းမြားမှုပြုသည့် ယော က်ျား (သို့မဟုတ်) မိန်းမကို နစ်နာသူအနေဖြင့် တရားမကြောင်း အရ တရားစွဲခွင့်ရှိသည်ဟုလည်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
အဆိုပါဥပဒေတွင် မြန်မာနိုင်ငံ၌ နေထိုင်သူများ၊ နိုင်ငံပြင်ပတွင် နေထိုင်သော နိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင်နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်သည်ဟုဆိုပြီး ဧည့်နိုင်ငံသားများ အကျုံးဝင်သည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဥပဒေ ပြဋ္ဌာန်းပေးရန် တိုက်တွန်းခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အဆိုပါဥပဒေကြမ်းကို ရေးသားပြုစုခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပ ဒေများဖြစ်သော မြန်မာ့ဓလေ့ထုံး တမ်းဥပဒေများနှင့် မဆန့်ကျင်စေ ရန် လေ့လာဆွေးနွေးထားသည် ဟု ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီဝင်များက ပြော သည်။
သို့သော် လွှတ်တော်ကိုယ် စားလှယ်များက မဆွေးနွေးရသေး သည့်အတွက် မည်သို့ပြင်ဆင် ချက်များဖြစ်လာနိုင်မည်ကိုမူ မခန့် မှန်းနိုင်သေးကြောင်း အဆိုပါဥပ ဒေကြမ်းကော်မတီဝင်များက ဆက်လက်ပြောကြားသည်။
7Day Daily

No comments:
Post a Comment